တရုတ်နှင့် ဗီယက်နမ် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၇၅ နှစ်ပြည့် အခါသမယတွင် ရှီကျင့်ဖိန်နှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး စူလင်၊ သမ္မတ ထရန်ချွမ်တို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့

CGTN, January 23, 2025
Size:

 ဇန်နဝါရီလ ၁၈ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး စူလင်၊ သမ္မတ ထရန်ချွမ်တို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာများကို အပြန်အလှန် ပေးပို့ကြပြီး တရုတ်နှင့် ဗီယက်နမ် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၇၅ နှစ်ပြည့်မြောက်ခြင်းကို လှိုက်လှဲစွာ ထောမနာ ပြုခဲ့ကြပါသည်။

   ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် တရုတ်နှင့် ဗီယက်နမ်တို့သည် ဆိုရှယ်လစ် အိမ်နီးချင်းကောင်းနှင့် မဟာဗျူဟာမြောက် အဓိပ္ပာယ်ရှိသော ကံကြမ္မာတူ အသိုက်အဝန်း ဖြစ်ကြောင်း၊ ဗီယက်နမ်-တရုတ် "ရဲဘော်နှင့် ညီအစ်ကိုလို နက်ရှိုင်းသော ချစ်ကြည်ရေး"သည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံမှပါတီချင်းအကြား ဆက်ဆံရေးကို သက်ဝင်စွာ ပြသခြင်းပင် ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

  စူလင်၏ သဝဏ်လွှာတွင် လွန်ခဲ့သည့် ၇၅ နှစ်အတွင်း နှစ်နိုင်ငံနှင့် နှစ်နိုင်ငံမှ ပါတီတို့သည် လက်တွဲ ချီတက်ကြပြီး ဗီယက်နမ်-တရုတ် "ရဲဘော်နှင့် ညီအစ်ကိုလို နက်ရှိုင်းသော ချစ်ကြည်ရေး" အစဉ်အလာ ဖြစ်တည်လာခဲ့ကြောင်း ဖော်ပြထားသည်။

  ထရန်ချွမ်၏ သဝဏ်လွှာတွင် တရုတ်နှင့် ဗီယက်နမ် ချစ်ကြည်ရေး အစဉ်အလာ တိုးတက်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ အရင်းခံ ဆန္ဒနှင့် ရေရှည် အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း ရေးသားဖော်ပြထားပါသည်။