ယခုလ ၁၆ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဘေကျင်းမြို့ရှိ တရုတ် နိုင်ငံ ဆိုင်ရာ အာဆီယံ ၁၀နိုင်ငံမှ သံတမန် အရာရှိများနှင့် တွေ့ဆုံနှုတ်ဆက်ရာတွင် မကြာခင်က ထိုင်းနှင့် မြန်မာ နယ်စပ်ဒေသ တစ်လျှောက်တွင် အွန်လိုင်း လောင်းကစားမှုနှင့် ဆက်သွယ်ရေး လိမ်လည်မှု များ ဆက်တိုက် ဖြစ်ပွားပြီး တရုတ် နိုင်ငံ အပါအဝင် နိုင်ငံ အသီးသီးမှ နိုင်ငံသားများ၏ အကျိုးစီးပွားကို ခြိမ်းခြောက် ထိခိုက်စေခဲ့ကြောင်း၊ ယင်းကို လွန်စွာ အလေးထားရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများ အနေနှင့် တာဝန်ယူပြီး အားကောင်းသော ဆောင်ရွက်ချက်များကို ကျင့်သုံးကာ အွန်လိုင်း လောင်းကစားမှုနှင့် ဆက်သွယ်ရေး လိမ်လည်မှုများကို ခိုင်မာပြတ်သားစွာ တိုက်ဖျက်၍ ပြည်သူလူထု၏ အသက်နှင့် ပိုင်ဆိုင်မှု လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရန် မျှော်လင့်ကြောင်း၊ တရုတ် နိုင်ငံသည် အာဆီယံ နိုင်ငံများနှင့် အတူ နှစ်ဖက်(သို့)ဘက်ပေါင်းစုံ ဥပဒေ ကျင့်သုံးရေး ပူးပေါင်းဆောင်ရွက်မှုများ ကို အားဖြည့်ပြုလုပ်ပြီး နိုင်ငံ အသီးသီးမှ ပြည်သူများ၏ သွားလာမှု အတွက် လုံခြုံ စိတ်ချရသော ပတ်ဝန်းကျင်ကို ဖန်တီးပေးလိုကြောင်း ပြောကြားခဲ့သည်။