သံအမတ်ကြီး Ms. Ma Jia က မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများအား နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်

CGTN, January 21, 2025
Size:

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Ms. Ma Jia သည် ဇန်နဝါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့ရှိ တရုတ်နွယ်ဖွားအဖွဲ့အစည်းများနှင့် တရုတ်ဘာသာစကားသင်တန်းကျောင်းများမှ ကိုယ်စားလှယ်များအား “တရုတ်နှစ်သစ်ကူးလက်ဆောင်များ” ပေးအပ်ခဲ့ပြီး ဘိုးဘွားတို့၏ဇာတိမြေ တရုတ်နိုင်ငံ၏ နှစ်သစ်ကူးဆုတောင်းစကားများနှင့် ဂရုတစိုက်ရှိမှုကို ဖော်ပြခဲ့သည်။

သံအမတ်ကြီးက တရုတ်-မြန်မာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ၏ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်မှုများအပေါ် များစွာချီးကျူးအသိအမှတ်ပြုပြီး တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့်မြောက်ခြင်းကို အခွင့်အလမ်းအဖြစ် ထား၍ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် ပိုမိုအကျိုးပြုကြရန် အားပေးစကားပြောကြားခဲ့သည်။

တရုတ်နွယ်ဖွားများက ဘိုးဘွားတို့၏ဇာတိမြေ တရုတ်နိုင်ငံမှ ပေးပို့လာသော ကရုဏာနွေးထွေးမှုများနှင့်ပြည့်ဝနေသည့် နှစ်သစ်ကူးလက်ဆောင်ကို လက်ခံရရှိသည့်အတွက် အလွန်စိတ်လှုပ်ရှားဝမ်းသာမိကြောင်း၊ မိမိတို့၏အားသာချက်များကို ဆက်လက်ဖော်ထုတ်၍ တရုတ်-မြန်မာ အရပ်ဘက်ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်းစေရေး တို့အတွက် တက်တက်ကြွကြွ အကျိုးထမ်းရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။