ဒေသစံတော်ချိန် ယခုလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ် ပီသွန်သန်သည် ထိုင်းနိုင်ငံအတွင်း ခရီးသွားများ အထူးသဖြင့် တရုတ်ခရီးသွားများ၏ လုံခြုံဘေးကင်းရေး ယုံကြည်မှု တိုးမြင့်လာစေရေးနှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် အစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ပီသွန်သန်က လတ်တလောတွင် တရုတ်ခရီးသည်များအနေဖြင့် ထိုင်းနိုင်ငံတွင် အန္တရာယ် သို့မဟုတ် ပြန်ပေးဆွဲခံရနိုင်ဖွယ်ရာရှိသည် ဟူသော အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ကောလာဟလများသည် မှားယွင်းပြီး ထိုင်းနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေရုံသာမက ခရီးသွားလုပ်ငန်းကိုလည်း ထိခိုက်စေခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။