"ကမ္ဘာ့မြို့တော်ဝန်များ ဆွေးနွေးပွဲ - နန်နင်း" လှုပ်ရှားမှုများ ကျင်းပ

CGTN, January 20, 2025
Size:

ဇန်နဝါရီလ ၁၆ ရက်နေ့တွင် "ကမ္ဘာ့မြို့တော်ဝန်များ ဆွေးနွေးပွဲ - နန်နင်း" လှုပ်ရှားမှုများကို "တရုတ်-အာဆီယံ ချစ်ကြည်ရေး ရပ်ရွာကို အတူတည်ဆောက်ခြင်း- မြို့ပြ ပွင့်လင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု" ဆောင်ပုဒ်ဖြင့် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ တရုတ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့အပါအဝင် နိုင်ငံရှစ်နိုင်ငံမှ မြို့တော်ဝန်များ၊ မြို့တော်ဝန်ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များသည် ယင်းလှုပ်ရှားမှုများတွင် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ လှုပ်ရှားမှုတွင် စုစုပေါင်း စီမံကိန်း ၁၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ကူးလူးဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများတွင် ချစ်ကြည်ရေးမြို့၊ စီးပွားကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ သင်ကြားပို့ချရေးနှင့် ခရီးသွားလုပ်ငန်း စသည်တို့ ပါဝင်ပြီး နိုင်ငံခြားပူးပေါင်းဆောင်ရွက်ရေး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ယွမ် ၃.၃ ဘီလီယံကျော်ရှိကြောင်း သိရပါသည်။