သံအမတ်ကြီး Ms. Ma Jia မှ တရုတ်-မြန်မာ ချစ်ကြည်ရေးစာသင်ကျောင်း မေတ္တာအိတ်ထုပ် ပေးဝေခြင်းအခမ်းအနားသို့ တက်ရောက်

lmcchina.org, January 17, 2025
Size:

တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFRD)မှ စီစဉ်ကျင်းပသော နိုင်ငံတကာ မေတ္တာအိတ်ထုပ် ပေးဝေခြင်းအခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့တွင် နေပြည်တော် အမှတ် ၅ တရုတ်-မြန်မာ ချစ်ကြည်ရေးစာသင်ကျောင်း၌ ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သံအမတ်ကြီး Ms. Ma Jia က မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူသော တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့်ချစ်ကြည်ရေးမူဝါဒကို ဆက်လက်ကိုင်စွဲထားကြောင်း၊ ပညာရေးကဏ္ဍတွင် နှစ်နိုင်ငံ၏ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူ အချင်းချင်း ဆက်ဆံမှု မြှင့်တင်ရေးကို ထောက်ခံကြောင်း၊ CFRD ၏ “မေတ္တာအိတ်ထုပ်”၊ “ပေါက်ဖော်ပညာသင်ဆု”၊ “Smiling Children” စသည့်စီမံကိန်းများသည် မြန်မာကျောင်းသားကျောင်းသူ ၆ သိန်းခန့်ကို အကျိုးပြုခဲ့ပြီး လူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် ချီးမွမ်းခံခဲ့ရကြောင်း၊ ပိုမိုများပြားသော တရုတ်စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီသော ကုသိုလ်ကောင်းမှု ပြုခြင်းလုပ်ငန်းစဉ်တွင် ပါဝင်လာကြမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်သည် မြန်မာနိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီပေးမှုအပေါ် အထူးကျေးဇူးတင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်သော CFRD ၏ ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာစီမံကိန်းများကို ချီးမွမ်းကြောင်း၊ နှစ်ပေါင်းထောင်ချီ ရှိသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အဓွန့်ရှည် တည်တံ့စေရန် မြှင့်တင့်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။