လန်ချန်း-မဲခေါင် စီးပွားရေး Think Tank ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဖွင့်လှစ်

lmcchina.org, January 17, 2025
Size:

“လန်ချန်း-မဲခေါင်ဒေသ စီးပွားရေး သုတေသနစင်တာ”(“လန်ချန်း-မဲခေါင် စီးပွားရေး Think Tank”) စတင်ဖွင့်လှစ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၇ ရက်က ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပခဲ့သည်။ တရုတ်စီးပွားရေးသတင်းအချက်အလက်ဝန်ဆောင်မှုဌာန၊ ဆင်ဟွာသတင်းဌာန ယူနန်ဌာနခွဲနှင့် State Power Investment Group၊ Yunnan International Power Investment Co., Ltd. တို့ ပူးပေါင်း၍ စတင်သည့် "လန်ချန်း-မဲခေါင် စီးပွားရေး Think Tank" ကို ထိုနေ့တွင် တရားဝင် ဖွင့်လှစ်ခဲ့သည်။

ယင်း Think Tank တည်ထောင်ပြီးနောက် ဆင်ဟွာသတင်းဌာန၏ နိုင်ငံတော်အဆင့်မြင့်ပညာရှင်အဖွဲ့ စွမ်းရည်နှင့် တရုတ်စီးပွားရေးသတင်းအချက်အလက်ဝန်ဆောင်မှုဌာန၏  အချက်အလက်စုဆောင်းခြင်း၊ ခွဲခြမ်းစိတ်ဖြာ၍ လေ့လာသုံးသပ်ခြင်း အားသာချက်ဖြင့် တရုတ် စီးပွားရေးသတင်းအချက်အလက် ဝန်ဆောင်မှုဌာန၏အရင်းအမြစ်များကို တစ်စုတစ်စည်း စီမံဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် အစိုးရဌာနများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ သိပ္ပံသုတေသနဌာနများနှင့် အခြားသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်သလို လန်ချန်း-မဲခေါင်ဒေသရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို အာရုံစိုက်ကာ နက်ရှိုင်းစွာ စနစ်တကျ သုတေသနပြုကာ အရည်အသွေးမြင့် ပညာရှင်သုတေသနရလဒ်များကို စဉ်ဆက်မပြတ် ထုတ်ဖော်ပေးမည် ဖြစ်သည်။

နေ့စဉ်လုပ်ငန်းဌာနအနေဖြင့် "လန်ချန်း-မဲခေါင် Think Tank" ရုံးသည် တရုတ် စီးပွားရေးသတင်းအချက်အလက်ဝန်ဆောင်မှုဌာန၊ ယူနန် စီးပွားရေးသုတေသနစင်တာတွင် ထားရှိမည် ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားတွင် အဆိုပါရုံးမှ သက်ဆိုင်ရာတာဝန်ခံများသည် Think Tank တည်ထောင်မှုအစီအစဉ်နှင့် ယခုတလော အဓိကသုတေသနပြုချက်များကို အသေးစိတ် မိတ်ဆက်ပြောကြားပေးခဲ့သည်။