ကမ္ဘာ့စိန်ခေါ်မှုကြီး ၄ ရပ်နှင့် ရင်ဆိုင်ခြင်းသည် ၂၀၂၅ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းဖြစ်သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဆို

CGTN, January 17, 2025
Size:

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၅ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဂူတာရက်စ်က ကုလသမဂ္ဂ ညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် လုပ်ငန်းအစီရင်ခံစာကို တင်ပြခဲ့ပါသည်။  

        ဒေသဆိုင်ရာ ပဋိပက္ခများ၊  ဆင်းရဲချမ်းသာ ကွာဟမှု၊ ရာသီဥတု အကျပ်အတည်းနှင့် နည်းပညာဆိုင်ရာစွန့်စားမှုများသည် ယခုကမ္ဘာ့နိုင်ငံများက ရင်ဆိုင်နေရသည့် အဓိက စိန်ခေါ်မှု ၄ ရပ်ဖြစ်ကြောင်း၊ ၎င်းပြဿနာများကို ကိုင်တွယ်ဖြေရှင်းရေးသည် ၂၀၂၅ ခုနှစ်တွင် ၎င်း၏ အာရုံစူးစိုက်မှုလည်းဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂသည် အဆိုပါစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် တိကျသော လုပ်ဆောင်မှုအစီအစဉ်များကို ချမှတ်ခဲ့ပြီ ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုတွန်းအားပေးရေးနှင့် ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှု ကောင်းမွန်စေရေး နယ်ပယ်များတွင် သိသာထင်ရှားသော တိုးတက်မှုများရရှိခဲ့သည်ဟု ဂူတာရက်စ်က ပြောကြားပါသည်။