ရှင်းကျန်းနှင့်ပတ်သက်သော မဟုတ်မမှန်ပြောဆိုချက်အား ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပြောဆို

CGTN, January 16, 2025
Size:

မကြာသေးမီက အနောက်တိုင်းမီဒီယာအချို့သည် ထိုင်းနိုင်ငံတွင် သောင်တင်နေ သော တရုတ်ဝေဂါ လူမျိုးကို အကြောင်းပြပြီး တရုတ်နိုင်ငံကို မဟုတ်မမှန် ထပ်မံ ပုတ်ခတ် ပြောဆို ခဲ့ကြပြီး အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း မသိသော ထိုင်းပုဂ္ဂိုလ်အချို့သည်လည်း အဖြစ်မှန်နှင့် မကိုက်ညီဘဲ တာဝန်မဲ့သော ပြောဆိုချက်ကို ထုတ်ပြန်ခဲ့ကြပါသည်။ ယင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက နိုင်ငံအချို့ သည် အဖြစ်မှန်ကို လစ်လျူရှုကာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံကို မလိုမုန်းထား စိတ်ဖြင့် တိုက်ခိုက်ပြီး မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခဲ့ကြကြောင်း၊ ၄င်းတို့သည် ရှင်းကျန်း ဒေသတွင် ခံခဲ့ရသည့် အကြမ်းဖက်ဝါဒခြိမ်းခြောက်မှုများကို လစ်လျူရှုပြီး ရှင်းကျန်းဒေသ တွင် ရရှိခဲ့သည့် လူမှုရေးတည်ငြိမ်မှု၊ ပြည်သူ့နေထိုင်မှုဘဝ ကောင်းမွန်တိုးတက်စေရေး ဆိုင်ရာ ကြီးမားသော အောင်မြင်မှုများကို လစ်လျူရှုကာ ရှင်းကျန်းဒေသ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အစွန်းရောက်မှု ကင်းစင်ရေးဆိုင်ရာ နည်းလမ်းဆောင်ရွက်ချက်များကို အတန်းအစား ခွဲခြားခဲ့ကြကြောင်း၊ မုသားစကားသည် အဖြစ်မှန်ကို အစားထိုး၍ မရဘဲ အဖြစ်မှန်သည် အပြောကောင်းသည့်စကားထက် ပိုမိုအရာရောက်ကြောင်း၊  မည်သည့် အဖြူအမည်းကို ကပြောင်းကပြန်ဖြစ်အောင် ပြုလုပ်ခြင်း သို့မဟုတ် ကုန်းချောခြင်း မဆို ရှင်းကျန်း ဒေသမှ လူမှုရေး တည်ငြိမ်သော အခြေအနေကို ထိခိုက်စေမည်မဟုတ်ဘဲ ရှင်းကျန်း ဒေသ ရှေ့သို့ ဆက်သွားရန် ကြိုးပမ်းနေသည့် ခြေလှမ်းကို တားဆီးနိုင်မည် မဟုတ်ကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့က ပြောကြားခဲ့ပါသည်။