မြန်မာနိုင်ငံ ရန်ကုန်မြို့ Yangon Convention Center တွင် ပြုလုပ်သည့် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှု ပြပွဲမြင်ကွင်းများကို ဇန်နဝါရီ ၁၀ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို ဇန်နဝါရီ ၁၀ ရက်၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသော အဆိုပါကုန်စည်ပြပွဲ၌ ကုန်အမှတ်တံဆိပ် ၁၅၀ ကျော်မှ ပြည်တွင်း
ပြည်ပ ကုမ္ပဏီ ၇၀ ကျော် ပါဝင်ပြသလျက်ရှိသည်။
ထိုပြပွဲ၌ မီးစက်များ၊ သယ်ဆောင်ရလွယ်ကူသော လျှပ်စစ်ဓာတ်အားပေးစက်များ၊ ဆိုလာရေစုပ်စက်များ၊ ဘက်ထရီများနှင် အင်ဗာတာများ စသည်တို့ ပြသထားကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း စက်မှုလုပ်ငန်းနှင့် စီးပွါးရေးလုပ်ငန်း တိုးတက်မှုများမှ လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်မားလာခြင်းကြောင့် နိုင်ငံ၏ စွမ်းအင်ကဏ္ဍ မြှင့်တင်ရန်နှင့် လွတ်လပ်၍ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ဆိုလာစွမ်းအင် တိုးတက်စေရန် ရည်ရွယ်ကာ ယခုလို ကုန်စည်ပြပွဲကျင်းပခြင်းဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူ ဦးတိုနီက ပြောခဲ့သည်။
အဆိုပါ ကုန်စည်ပြပွဲကို ဇန်နဝါရီ ၁၂ ရက်အထိ သုံးရက်တာ ကျင်းပမည်ဖြစ်သည်။ (Xinhua)
မြန်မာနိုင်ငံ ရန်ကုန်မြို့ Yangon Convention Center တွင် ပြုလုပ်သည့် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှု ပြပွဲမြင်ကွင်းများကို ဇန်နဝါရီ ၁၀ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)