တရုတ် နိုင်ငံသည် နိုင်ငံခြား ကုန်သွယ်ရေး နယ်ပယ်မှ ကောင်းကျိုးရလဒ်များဖြင့် ကမ္ဘာ အတွက် မည်သည့် အကျိုးပြုမည်နည်း

CGTN, January 15, 2025
Size:

        တရုတ် အစိုးရမှ ယခုလ ၁၃ရက်နေ့က ထုတ်ပြန်ခဲ့သည့် စာရင်းအရ ၂၀၂၄ခုနှစ် တရုတ် နိုင်ငံ၏ ကုန်ပစ္စည်း ကုန်သွယ်ရေး သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏမှာ တရုတ် ယွမ်ငွေ ၄၃.၈၅ ထရီလီယံ ရှိပြီး ၂၀၂၃ခုနှစ် ကထက် ၅ ရာခိုင်နှုန်း တိုးလာကာ သမိုင်း စံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း သိရသည်။ တရုတ် နိုင်ငံသည် ကမ္ဘာပေါ်တွင် ကုန်ပစ္စည်း ကုန်သွယ်ရေး ဆိုင်ရာ အကြီးဆုံး နိုင်ငံ အနေနှင့် အဆင့်နေရာ ပိုမို ခိုင်မာလာစေသည်။

        တရုတ် နိုင်ငံသည် နိုင်ငံခြား ကုန်သွယ်ရေး နယ်ပယ်မှ ကောင်းကျိုးရလဒ်ဖြင့် ကမ္ဘာ အတွက် မည်သည့် အကျိုးပြုမည်နည်း။ ကမ္ဘာ အတွက် ပိုမို များပြားသည့် မြစိမ်းရောင် ကုန်ထုတ်စွမ်းအားနှင့် ပိုမို ဆန်းသစ်တီထွင်မှုရှိသော အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန် ပစ္စည်များကို ပံ့ပိုးပေးရုံ သာမက ပိုမို ကြီးမားသည့် ဈေးကွက်နှင့် ပိုမို ကျယ်ပြန့်ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာများကိုလည်း ထောက်ပံ့ပေး မည် ဖြစ်သည်။ တရုတ် ပြည်တွင်း စုံစုံလင်လင်ရှိလာသော ကုန်ထုတ်လုပ်မှုနှင့် စားသုံးမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အပြင်၊ ကမ္ဘာအား တရုတ် ဈေးကွက်ကြီးကို အတူတကွ မျှဝေခံစား စေပြီး သက်ဆိုင်ရာ နိုင်ငံများ၏ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုများကို တွန်းအားပေးနေသည်။

        နိုင်ငံခြား ကုန်သွယ်ရေးသည် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးကို အကဲဖြတ်ရန် အရေးကြီး ပြတင်းပေါက် တစ်ခု ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စီးပွားရေး အုပ်စု ဖြစ်သည့် အနေဖြင့် တရုတ် နိုင်ငံသည် တံခါးဖွင့်မှုကို အစဉ်တစိုက် စွဲကိုင်ထားပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်ငန်း ကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက်၏ တည်ငြိမ်မှုကို အားကောင်းစွာ ထိန်းသိမ်းကာကွယ်ပေးကာ ကမ္ဘာ ကုန်သွယ်ရေး ဆက်တိုက် ရှင်သန်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးနေသည်။ တရုတ် နိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အတွက် ခွဲခြား၍ မရသော ဈေးကွက် ဖြစ်မြဲ ဖြစ်နေသေးပြီး ကမ္ဘာ ဖွံ့ဖြိုးတိုးတက်မှု အတွက် အကြီးဆုံး အင်ဂျင်လည်း ဖြစ်မြဲ ဖြစ်နေသေးသည်။

    ကမ္ဘာပေါ်တွင် အကြီးဆုံး ကုန်ပစ္စည်း ကုန်သွယ်ရေး နိုင်ငံကြီး ဖြစ်သည့် အနေဖြင့် တရုတ် နိုင်ငံသည် စိန်ခေါ်မှုများကို ရင်ဆိုင်ပြီး နိုင်ငံခြား ကုန်သွယ်ရေးကို ဆက်တိုက် တည်ငြိမ်စေကာ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် တိုးမြှင့်ရန် ယုံကြည်မှုနှင့် စွမ်းဆောင်ရည် ရှိ၍ ကမ္ဘာနှင့် အတူ ဖွံ့ဖြိုးတိုးတက်ရေး အောင်ကျိုးရလဒ်များကို ဆက်လက် အတူမျှဝေခံစား မည် ဖြစ်သည်။