ပိုအော်-အာရှဖိုရမ် ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးသည် ကမ္ဘာ့အပြောင်း အလဲများနှင့် အာရှ၏ အနာဂတ်အပေါ် အာရုံစိုက်သွားမည်

CGTN, January 13, 2025
Size:

ပိုအော်အာရှဖိုရမ် အတွင်းရေးမှူးချုပ် ကျန်းကျွင်းက ပိုအော်-အာရှဖိုရမ် ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို လာမည့် မတ်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ဟိုင်နန်ပြည်နယ် ပိုအော်၌ ကျင်းပသွားမည်ဖြစ်ပြီး အဓိကဆွေနွေးမည့်အကြောင်း အရာမှာ " ကမ္ဘာ့အပြောင်းအလဲများတွင် အာရှ၏ အနာဂတ်ကို အတူဖန်တီးကြခြင်း" ဖြစ်ကြောင်း ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ပိုအော်-အာရှဖိုရမ် ၂၀၂၅ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး သတင်းစာရှင်းလင်းပွဲ ကို ထိုနေ့က ဘေကျင်းတွင်လည်း ကျင်းပခဲ့ပါသည်။ ကျန်းကျွင်းက ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်အားအနေနှင့် အာရှသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ကြိုးပမ်းပြီး  စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ကာ စိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။