ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က တရုတ်နိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံသစ် BRICS မိသားစုကြီးတွင် ပါဝင်ခြင်းကို လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ BRICS ပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ထားရှိခဲ့သည့် အနှစ် ၂၀ နီးပါးတွင် BRICS အဖွဲ့ဝင် နိုင်ငံများ၏ လူဦးရေမှာ ကမ္ဘာ့စုစုပေါင်းလူဦးရေ၏ တစ်ဝက်ခန့် ရှိပြီး စီးပွားရေးစုစုပေါင်း ပမာဏမှာ ကမ္ဘာ့စီးပွားရေးစုစုပေါင်းပမာဏ၏ ၃၀ ရာခိုင်နှုန်းကျော်ရှိကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအပေါ် အကျိုးပြုစွမ်းဆောင်နှုန်းမှာ ၅၀ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း၊ BRICS ပူးပေါင်း ဆောင်ရွက်ရေးစနစ်၏ ကိုယ်စားပြုမှု၊ ဆွဲဆောင်မှုနှင့် သြဇာသက်ရောက်မှု အဆက်မပြတ် မြင့်တင်လာပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေး၏ အရေးကြီးသော ပလက်ဖောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးစနစ် ပြုပြင် ပြောင်းလဲမှု တွန်းအားပေးသော အရေးကြီးသော အင်အား ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က တရုတ်နိုင်ငံအနေဖြင့် BRICS အဖွဲ့ဝင်နိုင်ငံများ နှင့်အတူ တံခါးဖွင့်ပြီး အားလုံးပါဝင်သော၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုး ရှိစေသည့် စိတ်ဓာတ်ဖြင့် Greater BRICS ပူးပေါင်းဆောင်ရွက်ရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ကာ တန်းတူရည်တူဖြစ်ပြီး စနစ်တကျဖြစ်သည့် ကမ္ဘာ့ multipolarization ဖြစ်ရေးနှင့် အားလုံးအကျိုးခံစားနိုင်ပြီး အားလုံးပါဝင်နိုင်သော စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို အတူတကွအဆိုပြု၍ လူသားများ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း၊ Greater BRICS ပူးပေါင်းဆောင်ရွက်ရေးမှာ လုပ်နိုင်ဖွယ်ရာ အများကြီးရှိပြီး ရှေ့အလားအလာ ကောင်းမွန် ကြောင်း ပြောကြားခဲ့ပါသည်။