ထိုင်းပင်လယ်စာများကို တရုတ်-လာအို မီးရထားလမ်းမှတစ်ဆင့် ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ ရောင်းချ

lmcchina.org, January 10, 2025
Size:

ထိုင်းနိုင်ငံ Songkhla ခရိုင်မှ တင်သွင်းလာသော ချက်ပြုတ်ထားသော အေးခဲပုစွန် ၂၄ တန် တင်ဆောင်ထားသည့် တရုတ်-လာအို မီးရထား "လန်ချန်း-မဲခေါင် အမြန်ရထားလိုင်း" နိုင်ငံတကာ ကုန်တင်ရထားတစ်စီးသည် ဇန်နဝါရီ ၃ ရက်နေ့ ညနေ ၃ နာရီခန့်က ကူမင်းမြို့ ဝမ်ကျားရင် အနောက်ဘူတာသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။ ယင်းသည် တရုတ်-လာအို မီးရထားလမ်းဖြင့် အေးခဲရေထွက်ကုန်များ ရှေ့ပြေးပို့ဆောင်ရေး တရားဝင် စတင်ပြေးဆွဲခြင်း အထိမ်းအမှတ် ဖြစ်သည်။

ကူမင်း မင်းဖျင်ဖူး အာဆီယံ နိုင်ငံတကာ အအေးခန်းကွင်းစက် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးစင်တာတွင် ဝန်ထမ်းများသည် ပင်လယ်စာများ၏ သယ်ယူပို့ဆောင်ရေးအရည်အသွေးနှင့် အစားအစာ ဘေးကင်းလုံခြုံမှု ရှိစေရန်အတွက် အသစ် ရောက်ရှိလာသော ချက်ပြုတ်ထားသော အေးခဲပုစွန်များကို စစ်ဆေးရေးလုပ်ငန်းစဉ်ကို စည်းကမ်းတင်းကျပ်စွာ အလျင်အမြန် ဆောင်ရွက်ခဲ့ပါသည်။ ချက်ပြုတ်ထားသော အေးခဲပုဇွန်အသုတ်ကို ဈေးကွက်လမ်းကြောင်းမှတစ်ဆင့် နွေဦးပွဲတော်ကာလ အထူးနှစ်သစ်ကူးကုန်ပစ္စည်းများအဖြစ် စားသုံးသူများထံ ရောင်းချပေးသွားမည် ဖြစ်သည်။

ယခုတစ်ကြိမ် ထိုင်းပင်လယ်စာများ အောင်မြင်စွာ ပို့ဆောင်ခြင်းသည် တရုတ်-လာအို မီးရထားလမ်းနှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ပေါင်းစပ်မှုမှ အရရှိသော အကျိုးကျေးဇူးများ ဖြစ်ပေသည်။ အဆိုပါချက်ပြုတ်ထားသော အေးခဲပုစွန်များကို ထိုင်းနိုင်ငံမှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ကုန်းလမ်းဖြင့် ပို့ဆောင်ခဲ့ပြီးနောက် တရုတ်-လာအို မီးရထား "လန်ချန်း-မဲခေါင် အမြန်ရထားလိုင်း"  နိုင်ငံတကာ ကုန်တင်ရထားဖြင့် ကူမင်းမြို့သို့ တိုက်ရိုက် ပို့ဆောင်ခဲ့သည်။ ဤဆန်းသစ်တီထွင်ထားသော ကားလမ်း-ရထားလမ်း ပေါင်းစပ်သယ်ယူပို့ဆောင်ရေးပုံစံသည် သမားရိုးကျ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးတို့နှင့် နှိုင်းယှဉ်ပါက သယ်ယူပို့ဆောင်ရေးတစ်ခုလုံးအတွက် အချိန် ၁၄ ရက်ခန့် ပိုသက်သာစေရာ သယ်ယူပို့ဆောင်ရေးစရိတ်များကိုလည်း ထိထိရောက်ရောက် လျှော့ချပြီး ထောက်ပံ့ပို့ဆောင်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်ခဲ့သည်။