အင်ဒိုနီးရှားနိုင်ငံမှ BRICS အဖွဲ့ဝင်နိုင်ငံ တရားဝင်ဖြစ်လာခြင်းနှင့် ပတ်သက်သော သတင်းထောက်၏ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖြေကြား

CGTN, January 9, 2025
Size:

ဇန်နဝါရီလ ၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံမှ BRICS အဖွဲ့ဝင်နိုင်ငံ တရားဝင် ဖြစ်လာခြင်းနှင့် ပတ်သက်သော သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှား နိုင်ငံက BRICS အဖွဲ့ဝင်နိုင်ငံ တရားဝင်ဖြစ်လာခြင်းကို ကြိုဆိုပြီး ဂုဏ်ပြုထောမနာပြု ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံကြီးနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အရေးကြီးသော အင်အားအဖြစ် BRICS စိတ်ဓာတ်ကို အလွန်သဘောတူပြီး “BRICS+” ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာ ပါဝင်ခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ BRICS အဖွဲ့ဝင် နိုင်ငံ တရားဝင်ဖြစ်လာခြင်းမှာ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘာ့ တောင်ဘက်ခြမ်းနိုင်ငံများ ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီသဖြင့် BRICS စနစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အပြုသဘောဆောင်စွာ အကျိုးပြုစွမ်းဆောင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံအပါအဝင် BRICS အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပိုမိုဘက်စုံပြီး ရင်းနှီးကာ လက်တွေ့ကျ၍ အားလုံးပါဝင်နိုင်သော မိတ်ဖက်ဆက်ဆံရေးကို လက်တွဲထားရှိရန်၊ “Greater BRICS ပူးပေါင်းဆောင်ရွက်မှု” အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်၊ လူသားများကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရန်အတွက် ပိုမိုကြီးမားသော “BRICS အကျိုးပြုစွမ်းဆောင်မှု”ကို ပြုလုပ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။