ဇန်နဝါရီလ ၅ ရက်နေ့က ၄၁ ကြိမ်မြောက် တရုတ် Harbin နိုင်ငံတကာဆီးနှင်းပွဲတော် ကို Harbin ဆီးနှင်းကမ္ဘာတွင် ဖွင့်လှစ်ခဲ့ပါသည်။
ယခု အကြိမ် ဆီးနှင်းပွဲတော်သည် "Dream of Winter, Love among Asia" ဟူသော ဆောင်ပုဒ်ဖြင့် အရည်အသွေးမြင့် ခရီးသွားလမ်းကြောင်း ဆယ်ရပ်ကို မိတ်ဆက်ပြီး မြို့သူမြို့သားများပါဝင်နိုင်ကြသော လှုပ်ရှားမှု ၁၀၀ ကျော် ကျင်းပကာ ကမ္ဘာ့အဆင့် ဆီးနှင်း ခရီးသွားလုပ်ငန်း အပန်းဖြေစခန်းနှင့် ဆီးနှင်းစီးပွားရေး အဆင့်မြင့်ဒေသကို ဖန်တီးရန် ရည်ရွယ်သည်ဟု သတင်းအရ သိရပါသည်။