၂၀၂၄ ခုနှစ် မြန်မာနိုင်ငံမူဆယ်-တရုတ်နိုင်ငံရွှေလီ နယ်စပ်ဖြတ်ကျော်မာရသွန် အပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သော ပြိုင်ပွဲဝင်များအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် မြန်မာနိုင်ငံမူဆယ်-တရုတ်နိုင်ငံရွှေလီ နယ်စပ်ဖြတ်ကျော်မာရသွန် အပြေးပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက်တွင် ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုး၊ ဂျိမ်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့၌ကျင်းပခဲ့ရာ တရုတ်၊ မြန်မာ၊ ဗြိတိန် စသည့်နိုင်ငံနှင့် ဒေသပေါင်းများစွာမှ လူပေါင်း ၉,၀၂၉ ဦးပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲ၌ မာရသွန်၊ တာဝက်မာရသွန်၊ အပျော်တမ်းအပြေးပြိုင်ပွဲ၊ မိသားစုအပြေးပြိုင်ပွဲဟူ၍ အုပ်စု ၄ ခုခွဲထားသည်။ယခုအကြိမ် နယ်စပ်ဖြတ်ကျော်မာရသွန်ပြေးပွဲလမ်းကြောင်း စုစုပေါင်းအရှည်မှာ ၄၂.၁၉၅ ကီလိုမီတာဖြစ်ပြီး ရွှေလီမြို့ နုန့်မော်ရေကန် စီစဉ်ရေးဆွဲမှုပြခန်းမှ စတင်၍ လမ်းတစ်လျှောက် ရွှေလီမြို့တွင်း၊ ကျယ်ကောက် နန်းတော်ဂိတ်၊ တစ်ပင်သစ်တော ရှုခင်းသာ (One tree forest) စသည့်ဒေသများကို ကျော်ဖြတ်ကာ တရုတ်-မြန်မာနယ်နမိတ်မှတ်တိုင် အမှတ် ၈၁ တွင် လှည့်ပြန်ရမည်ဖြစ်သည်။ လမ်းကြောင်းတစ်လျှောက်တွင် ပန်းဖွားအဖွဲ့နေရာ ၃၅ ခုဖြင့် အားပေးမည့်လူပေါင်း အယောက် ၁,၂၀၀ ကျော် စီစဉ်ထားပါသည်။ ပြိုင်ပွဲဝင်များက လမ်းတစ်လျှောက်တွင် ရွှေလီမြို့၏ တစ်မူထူးခြားသော မြို့ပြဆွဲဆောင်မှုနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးစုဓလေ့များကို လက်တွေ့ခံစားနိုင်ပါသည်။
တရုတ်နိုင်ငံ ရွှေလီမြို့နှင့် မြန်မာနိုင်ငံ မူဆယ်မြို့သည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိသည်။ အဆိုပါပြိုင်ပွဲကို ၂၀၁၇ ခုနှစ်တွင် စတင်ကျင်းပသည့်အချိန်မှစ၍ နိုင်ငံနှင့် ဒေသပေါင်း ၃၃ ခုမှ အပြေးဝါသနာရှင်ပေါင်း ၅၄၀,၀၀၀ ကျော်က အွန်လိုင်း သို့မဟုတ် အော့ဖ်လိုင်းမှတစ်ဆင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးဖြစ်သည်။ (Xinhua)