လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းဆိုင်ရာ သုတေသနစင်တာ ဖွင့်လှစ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂ ရက်က ပေကျင်းမြို့တွင် ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သုတေသနစင်တာအား ဖွင့်လှစ်ပေး၍ အမှာစကားပြောကြားစဉ် (ဆင်ဟွာ)
လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းဆိုင်ရာ သုတေသနစင်တာ ဖွင့်လှစ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သုတေသနစင်တာအား ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားခဲ့သည်။ဝမ်ရိက တရုတ်နိုင်ငံ နိုင်ငံခြားရေးရာ တက္ကသိုလ် (China Foreign Affairs University (CFAU) ၌ သုတေသနစင်တာ ဖွင့်လှစ်ခြင်းအပေါ် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးမှာ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် အဆိုပြုသော အဓိက မူရင်းအယူအဆ ဖြစ်သလို ရှီကျင့်ဖိန် သံတမန်ရေးအတွေးအခေါ်၏ ပင်မအတွေးအခေါ် ဖြစ်ပြီး “မည်သို့သော ကမ္ဘာကို တည်ဆောက်မည်၊ ဤကမ္ဘာကို မည်သို့ တည်ဆောက်မည်နည်း” ဟူသော ခေတ်ကာလ၏ အမေးပုစ္ဆာအတွက် တရုတ်နိုင်ငံ၏ အဖြေ ဖြစ်ရာ အဖိုးထိုက်သည့် သီအိုရီတန်ဖိုး၊ အရေးကြီးသည့် ခေတ်ကာလ၏ အနက်အဓိပ္ပါယ်နှင့် ကမ္ဘာအပေါ် နက်ရှိုင်းလှသည့် သက်ရောက်မှု ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းဆိုင်ရာ သုတေသနစင်တာ ဖွင့်လှစ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂ ရက်က ပေကျင်းမြို့တွင် ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သုတေသနစင်တာအား ဖွင့်လှစ်ပေး၍ အမှာစကားပြောကြားစဉ် (ဆင်ဟွာ)
လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အတွေးအမြင်သည် တရုတ်ကွန်မြူနစ်ပါတီ၏ မူလရည်ရွယ်ချက်နှင့် သမိုင်းတာဝန်ကို အထင်အရှား ပြသလိုက်ခြင်း ဖြစ်သလို တရုတ်ယဉ်ကျေးမှု၏ ကောင်းမွန်သော အစဉ်အလာကို ကျယ်ပြန့်အောင် ဆောင်ရွက်ခြင်း၊ သိပ္ပံပညာ သီအိုရီ၏ အတွေးအခေါ် ကြီးမားအားကောင်းပုံကို ပြသခြင်း၊ ရာစုနှစ်အပြောင်းအလဲ အခင်းအကျင်းများအပေါ် တရုတ်နိုင်ငံ၏ခံယူချက်ကို ဖော်ပြလိုက်ခြင်း ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
လက်ရှိ ဒါဇင်နှင့်ချီသော နိုင်ငံနှင့် ဒေသများက တရုတ်နိုင်ငံနှင့်အတူ အသွင်ကွဲပြားသည့် အေးအတူ ပူအမျှအသိုက်အဝန်းကို တည်ဆောက်လျက်ရှိကြောင်း၊ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်များနှင့် နိုင်ငံပေါင်းစုံပါဝင်သည့် စာရွက်စာတမ်းများတွင် ကြိမ်ပေါင်းများစွာ ထည့်သွင်းရေးသားခဲ့ပြီး ဖြစ်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ စည်ပင်ဝပြောရေး၊ တိုးတက်ရေး ဟူသော တောက်ပသည့် အနာဂတ်ဆီသို့ လူသားမျိုးနွယ် အသိုက်အဝန်း လျှောက်လှမ်းရေးအတွက် တွန်းအားပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် ညွှန်ပြသည့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးသည် သာယာလှပ ကောင်းမွန်သည့် ရည်မှန်းချက် ဖြစ်သလို မျိုးဆက် အဆက်ဆက်က လက်ဆင့်ကမ်းကြိုးပမ်းမှသာ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ခေတ်သစ်၊ ခရီးစဉ်သစ်တွင် လူသားမျိုးနွယ် အသိုက်အဝန်းဆိုင်ရာ သုတေသနစင်တာကို ကောင်းမွန်စွာ တည်ဆောက်သင့်သလို ကောင်းမွန်စွာ သုတေသနပြု၊ ရှင်းလင်းဖော်ပြမှုပြု၍ သမ္မတ ရှီကျင့်ဖိန် သံတမန်ရေးအတွေးအခေါ်အား အများသိအောင် မိတ်ဆက်ပြောကြားမှုပြုရသည့် ဂုဏ်ယူဖွယ် တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ သုတေသနစင်တာကို တရုတ်နိုင်ငံ နိုင်ငံခြားရေးရာ တက္ကသိုလ် (China Foreign Affairs University (CFAU) က အဓိက တည်ဆောက်ခြင်း ဖြစ်ပြီး လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း သုတေသနပညာရပ်နက်ရှိုင်းစေရန်၊ နိုင်ငံရေးရာ အကြံပြုရန်၊ အများသိရှိအောင် မိတ်ဆက်ပြောကြားဖြန့်ဝေရန် နှင့် လူရည်ချွန်ပျိုးထောင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးရေးအတွက် သီအိုရီ၊ မူဝါဒ၊ ပြောဆိုချက်နှင့် လူရည်ချွန်ကဏ္ဍများ ပံ့ပိုးပေးပြီး တရုတ်နိုင်ငံ ဝိသေသလက္ခဏာဆောင်သော နိုင်ငံကြီး သံတမန်ဆက်ဆံရေးကို ပို၍ ကောင်းမွန်စွာ ဝန်ဆောင်မှု ပေးနိုင်ရန် ဖြစ်ကြောင်း သိရသည်။ (Xinhua)