ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တင်ဆောင်ထားသည့် တရုတ်-လာအို နိုင်ငံတကာ ကုန်တင်ရထားတစ်စီးသည် ယူနန်ပြည်နယ် ကူမင်းမြို့ ဝမ်ကျားယင် အနောက်ဘူတာမှ ထွက်ခွာပြီး လာအိုနိုင်ငံသို့ ဦးတည်ပြေးဆွဲသွားခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ယင်းရထားလိုင်းတစ်ခုလုံးကို စတင်လည်ပတ် ခဲ့ပြီးကတည်းက နယ်စပ်ဖြတ်ကျော်ကုန်တင်တန်ချိန် (၁၁.၅၈) သန်း အပါအဝင် တရုတ်-လာအို ရထားလမ်း၏ စုစုပေါင်းကုန်တင်ပို့ဆောင်မှုပမာဏသည် တန်ချိန် သန်းပေါင်း (၅၀) ကျော်သွားပြီ ဖြစ်ပါသည်။