ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တရုတ်အစိုးရ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ထောက်ပံ့သော လန်ချန်း-မဲခေါင်နိုင်ငံများ၏ ”သန့်ရှင်းရေလှုပ်ရှားမှု၊ အစိမ်းရောင်တိုးတက်မှု” ဟူသော ကျေးလက်ဒေသ ပြည်သူ့အကျိုးပြုစံပြစီမံကိန်း(ဒုတိယသုတ်) ဖြစ်သော မြန်မာနိုင်ငံ နေပြည်တော် အောင်သာကျေးရွာ သောက်သုံးရေပေးမှုနှင့် သောက်သုံးရေ လုံခြုံရေးစီမံကိန်းကို အောင်မြင်စွာ လွဲအပ်ပေးသည်။ မြန်မာနိုင်ငံ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်းကြီး လှမိုး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ သန်းထွန်းဦး၊ မြန်မာပြည်ဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Ouyang Daobing၊ STATE POWER INVESTMENT CORPORATION ကုမ္ပဏီ(မြန်မာ) Zero Carbon Energy Limited ဥက္ကဋ္ဌ Cheng Yan တို့သည် လွှဲအပ်ခြင်းအခမ်းအနားသို့ ပါဝင်တက်ရောက်ပြီး အမှာစကား ပြောကြားသည်။ မြန်မာနိုင်ငံမှ သက်ဆိုင်ရာဌာနများ၊ မြန်မာပြည်ရှိ တရုတ်ကုမ္ပဏီအချို့နှင့် ကျေးရွာမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ကျော်သည် အခမ်းအနားသို့ ပါဝင်တက်ရောက်ကြသည်။
ယင်းစီမံကိန်းသည် တရုတ်နိုင်ငံ ဆည်မြောင်းဝန်ကြီးဌာနလက်အောက်မှ ယန်စီမြစ် ရေအရင်းအမြစ်ကော်မတီ ဦးဆောင်ပြီး STATE POWER INVESTMENT CORPORATION လက်အောက်မှ ယူနန်လျှပ်စစ်ဓာတ်အားကုမ္ပဏီ ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်ခြင်း ဖြစ်သည်။