“လန်ချန်း-မဲခေါင်·ယူနန်” နိုင်ငံတကာကုန်တင်ရထားက တရုတ်၊ လာအိုနှင့် ထိုင်းကြား လယ်ယာထုတ်ကုန် ကုန်သွယ်ရေးဖလှယ်မှုကို အရှိန်မြှင့်ပေး

lmcchina.org, January 3, 2025
Size:

အင်္ဂါနေ့တိုင်း၊ ယူနန်ပြည်နယ်တစ်ဝှမ်းမှ ဘရိုကိုလီ၊ ဆလတ်နှင့် ငရုတ်ကောင်း စသည့် ဒေသထွက် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို  “လန်ချန်း-မဲခေါင်·ယူနန်” နိုင်ငံတကာ ကုန်တင်ရထားဖြင့် တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် လာအို၊ ထိုင်းနှင့် အခြား အရှေ့တောင်အာရှနိုင်ငံများသို့ ပို့ဆောင်ပေးလျက်သည်။

“လန်ချန်း-မဲခေါင်·ယူနန်” နိုင်ငံတကာအထူးကုန်တင်ရထားသည် ယခုနှစ် စက်တင်ဘာ ၂၄ ရက်က ကူမင်းရှိ ယူနန် ထိန်ကျွင့် အပြည်ပြည်ဆိုင်ရာ ကုန်းမြေဆိပ်ကမ်းတွင် စတင်ပြသခဲ့ပြီးသည့်နောက် ယခုအခါ ပုံမှန်ပြေးဆွဲနိုင်နေပြီဖြစ်သည်။

“ကျွန်မတို့ ခရီးတစ်လျှောက်လုံး 'ဘက်စုံ ပူးတွဲ ပို့ဆောင်ရေး'၊ Waybill တစ်ခုတည်းစနစ်နှင့် ကွန်တိန်နာတစ်ခုတည်း”စနစ်ကို အသုံးပြုပြီးနောက် ဖောက်သည်တွေရဲ့ကုန်ကျစရိတ်က ရာခိုင်နှုန်း ၃၀ သက်သာခဲ့သလို ထိရောက်မှု ရာခိုင်နှုန်း ၄၀ တိုးလာတယ်။ 'one order to end'၊ 'one box direct delivery' နဲ့ 'one-stop service' တို့ကို အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု ယူနန် Tengjun International Logistics Co., Ltd. ၏ လုပ်ငန်းဆောင်ရွက်မှု စီမံခန့်ခွဲမှုဌာန မန်နေဂျာ Shan Xueyu က ပြောကြားခဲ့ပါသည်။

ဒီဇင်ဘာလ ၂၄ ရက်အထိ “လန်ချန်း-မဲခေါင်·ယူနန်” နိုင်ငံတကာ အထူးကုန်တင်ရထားသည် စုစုပေါင်း ၂၇ ကြိမ် ပြေးဆွဲခဲ့ပြီး ယူနန်ပြည်နယ်မှ အရည်အသွေးမြင့် ကုန်းပြင်မြင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စုစုပေါင်း တန်ချိန် ၃၀၀၀ နီးပါးကို ပို့ဆောင်ခဲ့သည်။ ၎င်းသည် တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ကြား ထိရောက်မှု မြင့်မားသော လယ်ယာထွက်ကုန် ကုန်သွယ်ရေး ပေါင်းကူးတံတားကို တည်ဆောက်နိုင်ခဲ့ပြီး သုံးနိုင်ငံ လယ်ယာထွက်ကုန် စီးဆင်းမှုနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးကို အားကောင်းစွာ မြှင့်တင်ကာ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားသစ်များ ဖြည့်တင်းပေးခဲ့ပေသည်။