၂၀၂၅ခုနှစ် ရောက်ခါနီး အခါသမယတွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် China Media Groupနှင့် အင်တာနက် မှတစ်ဆင့် ၂၀၂၅ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားကို ပြောကြားသည်။ ၄င်းသည် ၂၀၂၄ခုနှစ်တွင် တရုတ် နိုင်ငံနှင့် ကမ္ဘာ၏ သာမန်မဟုတ်သော ဖြစ်စဉ်ကို ပေါင်းရုံးသုံးသပ်ပြီး အားလုံး မျှော်လင့်ချက်ကို အကောင်အထည် ဖော်ဆောင်နိုင်ပါစေ၊ ပျော်ရွှင်ပါစေ၊ ချမ်းမြေ့သာယာပါစေဟု ဆုမွန်ကောင်းတောင်း လိုက်သည်။
ရှီကျင့်ဖိန်က ၂၀၂၄ခုနှစ်မှာ ကျွန်တော်တို့ဟာ “မိုးဒဏ်လေဒဏ်ကို အတူခံခဲ့ပြီး သက်တံ့များကို အတူတကွ ရှုစားခဲ့ကြပါတယ်”၊ ၂၀၂၄ခုနှစ်ဟာ အလှိုက်တလှဲ ဖြစ်မိပြီး မေ့ဖျောက်၍ မရသော နှစ်တစ်နှစ် ဖြစ်တယ်လို့ ပြောကြားသည်။ ၄င်းသည် ကိန်းဂဏန်း ၃ခုဖြင့် လွန်ခဲ့သည့် တစ်နှစ် အတွင်း တရုတ်ပြည် ရရှိခဲ့သော အောင်မြင်မှုများကို ဖော်ပြသည်။ ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်း တန်ဖိုးမှာ တရုတ် ယွမ်ငွေ ထီရီလီယံ ၁၃၀ ရှိမယ်လို့ ခန့်မှန်းရတယ်။ ယင်းသည် တရုတ် စီးပွားရေး နာလန်ပြန်ထူလာပြီး ပြန်လည် ကောင်းမွန်လာနေခြင်းကို ပြဆိုနေသည်။ စားနပ်ရိက္ခာ ထုတ်လုပ်မှု ပမာဏမှာ ကီလိုဂရမ် ဘီလီယံ ၇၀၀ ရှိပြီး ယင်းသည် တရုတ်ပြည်၏ စားနပ်ရိက္ခာ ဆိုင်ရာ မိမိဖာသာ မိမိဖူလုံမှု ရှိအောင် ဖြည့်ဆည်းနိုင်ခြင်းကို ပြဆိုနေသည်။ နှစ်စဉ် စွမ်းအင်သစ်သုံး မော်တော်ယာဉ် ထုတ်လုပ်မှု ပမာဏမှာ ပထမဆုံး အကြိမ် အဖြစ် စီးရေ ဆယ်သန်း ကျော်နိုင်ခဲ့ပြီး ကုန်ထုတ်လုပ်ငန်းသစ်နဲ့ လုပ်ငန်းပုံစံသစ်များ အဆက်မပြတ် ပေါ်ပေါက်လာခြင်းကို ပြဆိုနေသည်။
ရှီကျင့်ဖိန်က ၂၀၂၄ခုနှစ်မှာ နေရာဒေသများစွာသို့ သွားရောက် ကြည့်ရှု စစ်ဆေးပြီး ပြည်သူများရဲ့ ရောင်စုံတဲ့ နေထိုင်မှု ဘဝနဲ့ လူအများရဲ့ အကျိုးခံစား ရရှိမှု များစွာ တိုးပွားလာခြင်းကို မြင်တွေ့ခဲ့ရတဲ့ အတွက် အလွန် ရွှင်လန်းနှစ်သိမ့် ပါတယ်လို့ ပြောကြားပါတယ်။ ၄င်းက အိမ်မှုကိစ္စ၊ တိုင်းရေးပြည်ရာနှင့် နိုင်ငံတကာ အရေးကိစ္စများမှာ အရေးအကြီးဆုံးတဲ့ ကိစ္စမှာ ပြည်သူများအား ချမ်းမြေ့သာယာသည့် နေထိုင်မှု ဘဝ ရရှိစေရေးပင် ဖြစ်တယ်လို့ ပြောကြားသည်။
နိုင်ငံတကာ အခြေအနေနှင့် ပတ်သက်၍ ရှီကျင့်ဖိန်က လက်ရှိ ကမ္ဘာတွင် ပြောင်းလဲမှုနဲ့ ရှုပ်ထွေးမှုများ ရောနှောပေါင်းစပ်တယ်လို့ ပြောကြားသည်။ တာဝန်ယူတတ်သော နိုင်ငံကြီး တစ်နိုင်ငံ အနေနှင့် တရုတ် နိုင်ငံသည် ကမ္ဘာလုံး ဆိုင်ရာ စီမံအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု ကို တက်ကြွစွာ တွန်းအားပေးပြီး ကမ္ဘာ တောင်ဘက်ခြမ်း နိုင်ငံများ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဖော်ဆောင်သည်။ ကျွန်တော်တို့ဟာ Belt and Road အရည်အသွေး မြင့်မားစွာ အတူတကွ တည်ဆောက်ရေးကို ပိုမို လက်တွေ့ကျကျ၊ နက်ရှိုင်းစွာ ဖော်ဆောင်ပြီး တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်း ထိပ်သီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပကာ နှစ်ဖက်နှင့် ဘက်ပေါင်းစုံ အဖွဲ့အစည်းများနှင့် အခမ်းအနားများမှာ တရုတ်နိုင်ငံရဲ့ အားပေးတိုက်တွန်းချက်များကို ရှင်းလင်းပြတ်သားစွာ ဖော်ပြ၍ ကမ္ဘာ့ အေးချမ်းတည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေး အတွက် ပိုမိုများပြားသည့် အပြုသဘောဆောင်သော အင်အားများကို သွင်းပေးခဲ့သည်ဟု ပြောကြားသည်။
၂၀၂၅ခုနှစ် အပေါ် ရှီကျင့်ဖိန်သည် ယုံကြည်မှု အပြည့်အဝ ရှိသည်။ ၄င်းက ၂၀၂၅ခုနှစ်မှာ တရုတ်နိုင်ငံဟာ ၁၄ကြိမ်မြောက် ၅နှစ် စီမံကိန်းကို ဘက်စုံ ပြီးမြောက်အောင် ဆောင်ရွက်မည် ဖြစ်သည်ဟု ပြောကြားသည်။ တရုတ် အသွင်ပုံစံ ခေတ်မီတိုးတက်ရေးသည် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုမှာ ပိုမိုကောင်းမွန် ကျယ်ပြန့်သော ရှေ့အလားအလာကို ဖွင့်လှစ်မည်မှာ မုချမလွဲ ဖြစ်သည်။ တရုတ်ပြည်သည် လူမှုရေး တည်ဆောက်မှုနှင့် စီမံခန့်ခွဲမှု အရည်အချင်းကို အဆက်မပြတ် မြှင့်တင်ပြီး သာမန်ပြည်သူများ ကြုံတွေ့ရသော ပြဿနာများကို လိုလေသေး မရှိအောင် ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းပေးပြီး ၄င်းတို့အား ပိုမိုများပြားသည့် နွေးထွေးမှု ရရှိစေမည်ဟု ပြောကြားသည်။
ရှီကျင့်ဖိန်က ရာစုနှစ်တွင် မကြုံစဖူး ကြီးမားသော နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှုသည် အရှိန်မြင့် တိုးတက်နေသည်ဟု ပြောကြားသည်။ မိမိတို့သည် သဘောထားကြီးဖြင့် ပဋိပက္ခနှင့် အထင်လွဲခြင်းကို ကျော်လွှားပြီး လူသားတို့၏ ကံကြမ္မာကို အရေးထား အာရုံစူးစိုက်ကြသင့်သည်။ တရုတ် နိုင်ငံသည် နိုင်ငံ အသီးသီးတို့နှင့် လက်တွဲပြီး ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ဖော်ဆောင်သူ အဖြစ်၊ ယဉ်ကျေးမှု အပြန်အလှန် နည်းယူလေ့လာမှုကို တွန်းအားပေးသူ အဖြစ်၊ လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှုတွင် ပါဝင်ဆောင်ရွက်သူ အဖြစ် ကြိုးပမ်း ဆောင်ရွက်ပြီး ကမ္ဘာ၏ သာယာကောင်းမွန်သည့် အနာဂတ်ကို အတူတကွ ဖန်တီးပေးလိုသည်။