အရှေ့အလယ်ပိုင်းဒေသသည် အင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှုများအတွက် ကစားကွင်း မဟုတ်ကြောင်း ဝမ်ယိဆို

CGTN, January 2, 2025
Size:

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရာဂ်ချီနှင့် ဘေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။

တိုသို့တွေ့ဆုံရာတွင် နှစ်ဦးနှစ်ဘက်တို့သည် အရှေ့အလယ်ပိုင်းဒေသ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ အမြင်ချင်း နက်နက်ရှိုင်းရှိုင်း ဖလှယ်ခဲ့ကြရာ အရှေ့အလယ်ပိုင်း ဒေသသည် အရှေ့အလယ်ပိုင်းဒေသ ပြည်သူများ၏ အရှေ့အလယ်ပိုင်းဒေသ ဖြစ်ပြီး အင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှုများအတွက် ကစားကွင်းမဟုတ်သကဲ့သို့ ဒေသတွင်း ပြင်ပနိုင်ငံများအကြား ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုများနှင့် ပဋိပက္ခများ၏ ထိခိုက်ခံရသူလည်း မဖြစ်သင့်ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအသီးသီးတို့၏ အနာဂတ်နှင့် ကံကြမ္မာ သည် အရှေ့အလယ်ပိုင်းဒေသ ပြည်သူများ၏ လက်ထဲတွင် ပိုင်ဆိုင်ထားသင့်ကြောင်း သဘောတူညီမှုများ ရရှိခဲ့ကြပါသည်။