ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်အစောပိုင်းတွင် လေးလကြာ တရုတ်-လာအို ရထားလမ်း တစ်ခုလုံးကို ပထမဆုံးအကြိမ် ပြုပြင်ထိန်းသိမ်းမှုကို ချောမောစွာ ဆောင်ရွက်ပြီးစီးပြီး ၂၀၂၅ခုနှစ် တရုတ်နွေဦးပွဲတော် ပို့ဆောင်ရေးအတွက် ခိုင်မာသော အာမခံချက် ချထားပေးသည်။
တရုတ်-လာအို ရထားလမ်းသည် မြောက်ဘက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှစပြီး တောင်ဘက်ရှိ လာအိုမြို့တော် ဗီယင်ကျန်းမြို့အထိ ဖြစ်ကာ စုစုပေါင်း အရှည် ၁၀၃၅ ကီလိုမီတာ ရှိပါသည်။ ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ယင်းရထားလမ်းတွင် ခရီးသည်ဦးရေ စုစုပေါင်း ၄၄ .၂၆ သန်း ပို့ဆောင်ခဲ့ပြီး ကုန်စည်တန်ချိန် ၄၉. ၇ သန်းကျော် ပို့ဆောင်ခဲ့ပါသည်။