ဒီဇင်ဘာလ ၂၈ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရာဂ်ချီနှင့် တွေ့ဆုံခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသအခြေအနေနှင့် ပတ်သက်၍ ဝမ်ယိက အရှေ့အလယ်ပိုင်းဒေသသည် အရှေ့အလယ်ပိုင်းပြည်သူများ၏ အရှေ့အလယ်ပိုင်းဒေသဖြစ်ပြီး အင်အားကြီးနိုင်ငံများ ပြိုင်ဆိုင်သော ကစားကွင်းမဟုတ်သကဲ့သို့၊ ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှု၏ ဒုက္ခခံရသူလည်း မဖြစ်သင့်ကြောင်း၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို လေးစားရန်၊ ၎င်းတို့၏ တရားဝင် ကျိုးကြောင်းဆီလျော်သော စိုးရိမ်ပူပန်မှုများကို လေးစားရန်၊ အရှေ့အလယ်ပိုင်းမှ ပြည်သူများ၏ လွတ်လပ်သော ရွေးချယ်မှုများကို လေးစားရန်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ၏ သမိုင်းဝင် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို လေးစားရန် နိုင်ငံတကာအသိုင်းအဝိုင်းအား မိမိတို့ ပန်ကြားကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြှင့်တင်ရန် ဘက်အသီးသီးတို့ က အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။