၂၀၂၅ခုနှစ် အာရှ ဆောင်းရာသီ အားကစားပွဲတော်သည် တရုတ်ပြည်သူများနှင့် နိုင်ငံခြားပြည်သူများ၏ ကူးလူးဖလှယ်မှုကို နက်ရှိုင်းစေပြီး ချစ်ကြည်ရေးကို တိုးပွားစေသော နောက်ထပ်တစ်ကြိမ် "ဆုံတွေ့ခြင်း"ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

CGTN, December 30, 2024
Size:

ယခုလ ၂၅ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ရာ၌ ၂၀၂၅ခုနှစ် အာရှဆောင်းရာသီ အားကစားပွဲတော်သည် ဘေကျင်းဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်ပြီးနောက် တရုတ်နိုင်ငံမှ ကျင်းပသည့် နောက်ထပ်တစ်ကြိမ် အရေးကြီး အထွေထွေ နိုင်ငံတကာ အားကစားပွဲဖြစ်ပြီး၊ တရုတ်ပြည်သူများနှင့် နိုင်ငံခြားပြည်သူများ၏ ကူးလူးဖလှယ်မှုကို နက်ရှိုင်းစေပြီး၊ ချစ်ကြည်ရေးကို တိုးပွားစေသော နောက်ထပ်တစ်ကြိမ် "ဆုံတွေ့ခြင်း" လည်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။