ဒီဇင်ဘာလ ၁၇ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဘေကျင်းမြို့၌ ၂၀၂၄ ခုနှစ် နိုင်ငံတကာ အခြေအနေနှင့် တရုတ်နိုင်ငံ သံတမန် ဆက်ဆံရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။
ဝမ်ယိက တရုတ်နိုင်ငံသည် တရုတ်နိုင်ငံ၏ လက်တွေ့အခြေအနေနှင့် ကိုက်ညီသော ခေတ်မီရေးလမ်းကြောင်းပေါ်တွင် အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကိုယ်တိုင် အောင်မြင်မှုဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ခေတ်မီရေး လမ်းကြောင်း အတိုင်းလျှောက်လှမ်းရန် ယုံကြည်စိတ်ကို ခိုင်ခံ့စေသည့်အပြင် နိုင်ငံတကာ မိသားစုကြီးနှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သော၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော၊ အတူစည်ပင်သာယာသော ကမ္ဘာ့ နိုင်ငံအသီးသီးတို့၏ ခေတ်မီရေးကို အတူ တွန်းအားပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဝမ်ယိက တရုတ်နိုင်ငံ၏ သံတမန် ဆက်ဆံရေးတွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန် အကျိုးရှိစေရေး အလံကို စွဲစွဲမြဲမြဲ ကိုင်ဆောင်ထားပြီး ကမ္ဘာ့ အေးချမ်းသာယာရေးနှင့် လူသားများ အတူ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန် တွန်းအားပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။