ဗီယက်နမ်-တရုတ်ရထားလမ်းကို ချောမောစွာ ချိတ်ဆက်နိုင်ရန် အာမခံပေးရမည် ဖြစ်ကြောင်း ဗီယက်နမ် ဝန်ကြီးချုပ် ဆို

CGTN, December 26, 2024
Size:

ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh Chinh သည် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဗီယက်နမ်နိုင်ငံ လောက်ကိုင်ပြည်နယ် လောက်ကိုင်-ဟနွိုင်း-ဟိုင်ဖန် မီးရထားလမ်းစီမံကိန်း သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာတွင် ၄င်းမီးရထားစီမံကိန်းကို ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင် စတင်တည်ဆောက်မည် ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးမည် ဖြစ်ကြောင်း၊ ရထားမြန်နှုန်းနှင့် ရထားသံလမ်း ဒီဇို်ငးပြုမှုသည် တရုတ်နိုင်ငံ၏ ရထားလမ်း များနှင့် ချောမောစွာ ချိတ်ဆက်နိုင်ရန် အာမခံ ပေးရမည် ဖြစ်ကြောင်း၊ စီမံကိန်းကို ဒီဇိုင်းပြုလုပ်တည်ဆောက်ရာတွင် တရုတ်နိုင်ငံနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း အလေးထားပြောကြား ခဲ့ပါသည်။