တရုတ်၊လာအို၊မြန်မာနှင့်ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့် ဥပဒေစိုးမိုးရေးကို ကူညီရန် တရုတ်ဥပဒေစိုးမိုးရေး သင်္ဘော နှစ်စင်းကို လွှဲပြောင်းပေးအပ်

CGTN, December 25, 2024
Size:

 ဒီဇင်ဘာလ ၂၃ ရက်နေ့က ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန ရေကြောင်း ကင်းလှည့်ရေး တပ်ဖွဲ့၏ အမျိုးအစားသစ် ကွပ်ကဲရေး သင်္ဘော ၅၃၁၀၈ နှင့် အမြန်ကင်းလှည့် ဥပဒေ စိုးမိုးရေး သင်္ဘော ၅၃၁၁၇ တို့ကို လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ကျင်ဟုန်မြို့ ကျင်ဟာ ရဲဂိတ်၌ ကျင်းပခဲ့သည်။ အဆိုပါ ဥပဒေစိုးမိုးရေး သင်္ဘော နှစ်စင်း တရားဝင်ပါဝင်ခြင်းသည် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ မဲခေါင်မြစ်တွင် အရည်အသွေးမြင့် ကင်းလှည့်ဥပဒေစိုးမိုးရေး တိုးတက်မှုနှင့် အမျိုးမျိုးသော ရာဇဝတ်မှု တိုက်ဖျက်ရေးအတွက် ပိုမိုအားကောင်းစွာ အထောက်အကူပေးမည်ဖြစ်သည်။