ယခုလ ၁၇ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဗီဒီယိုဖြင့် အာရှ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှု ဆောင်ရွက်ရေး အစည်းအဝေး (CICA) ၏ ၇ ကြိမ်မြောက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ဝမ်ယိက လုံခြုံမှုကို ကာကွယ်ရေး၊ ဖွံ့ဖြိုးမှုကို တွန်းအားပေးရေး၊ ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေရေးနှင့် အပြန်အလှန် အကျိုးရှိစေမှုကို လုပ်ဆောင်ရေးတို့သည် နိုင်ငံအများစုကြီး၏ အရေးတကြီး မျှော်မှန်းချက်ဖြစ်ကြောင်း၊ CICAသည် အာရှ ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ပြီး အကျိုးတူ ဖွံ့ဖြိုးရေး ပလက်ဖေါင်းအသစ် ဖန်တီးရန် အကျိုးပြုနိုင်ကြောင်း၊ တရုတ်နိုင်ငံသည် CICA အဖွဲ့ဝင်နိုင်ငံများနှင့်အတူ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို စွဲကိုင်ပြီး အကျိုးတူ ဖွံဖြိုးတိုးတက်ကြသော အာရှ ယဉ်ကျေးမှု အသွင်ပုံစံသစ်ကို လက်တွဲ ဖန်တီးပေးလိုပါကြောင်း ပြောကြားသည်။