ဒီဇင်ဘာလ ၁၇ရက်နေ့က “ဖွံ့ဖြိုးတိုးတက်ရေးစနစ် ပိုမို ပြည့်စုံကောင်းမွန်စေခြင်း --- တရုတ် အတွေ့အကြုံ၊ လာအိုအတွေ့အကြုံ” ဆောင်ပုဒ်ဖြစ်သည့် ၁၂ကြိမ်မြောက် တရုတ်-လာအို ပါတီ နှစ်ပါတီ သီအိုရီ နှီးနှောဖလှယ်ပွဲကို ရှန်ရှီးပြည်နယ် ရှီးအန်းမြို့၌ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီး Li Shulei နှင့် လာအို ပြည်သူ့ တော်လှန်ရေးပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ အစိုးရဒုဝန်ကြီးချုပ် Kikeoတို့ တက်ရောက်ကြပြီး အဓိက မိန့်ခွန်းပြောကြားခဲ့ကြပါသည်။