ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၂၀၂၄ ခုနှစ် “လန်ချန်း-မဲခေါင် လေ့လာရေးခရီး”လှုပ်ရှားမှုကို ယူနန်ပြည်နယ်တွင် ကျင်းပခဲ့သည်။
လန်ချန်-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေးစင်တာသည် တရုတ်ပြည်ဆိုင်ရာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသောနိုင်ငံများမှ သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး၊ မီဒီယာနှင့် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ် ၅၀ ကျော်ကို ဖိတ်ပြီး ဖူအိုစီရင်စုဒေသနှင့် ရှစ်ဆောင်မဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲ သွားရောက်ကာ ထွမ်ဆန်း ရေလှောင်ကန်၊ ဆင့်ဖန် ရေလောင်ကန်တို့တွင် ရေးကြီးမှုနှင့် ရေးခေါင်းပါးမှု ဘေးအန္တရာယ်ကာကွယ်ခြင်း၊ မြို့ပြရေပေးခြင်း၊ ဂေဟစနစ်ထိန်းသိမ်းခြင်းအကြောင်းကို လက်တွေ့လေ့လာ၍ လန်ချန်းမြစ်ပေါ်ရှိ နိုကျာ့တုနှင့် ကျင်ဟုန် ရေအားလျှပ်စစ်စက်ရုံများ၏လည်ပတ်မှုအကြောင်းကိုလည်း လက်တွေ့လေ့လာခဲ့သည်။
လန်ချန်း-မဲခေါင်မြစ်တစ်လျှောက်တွင် ရေကြီးမှုနှင့် ရေခေါင်းပါးမှု ဘေးအန္တရာယ်ကို နည်းလမ်းအသစ်နှင့် အတွေးအခေါ်အသစ်ဖြင့် မည်ကဲ့သို့ ကာကွယ်ကြောင်းကို လှည့်လည်လေ့လာခြင်းလှုပ်ရှားမှုသို့ ပါဝင်ကြသော ကိုယ်စားလှယ်များသည် ဖလှယ်ကြသည်။ မြစ်ဝှမ်းဒေသတစ်ခုလုံး ပူးပေါင်းဆောင်ရွက်ခြင်း၊ ကြီးကြပ်ရေးနှင့် သတိပေးရေးစနစ်ကို မြှင့်တင်ခြင်း၊ အခြေခံအဆောက်အအုံ ပြည့်စုံစေခြင်း၊ ခေတ်မီသတင်းပေးနည်းပညာကို အသုံးပြုခြင်းတို့ဖြင့် ဘေးအန္တရာယ် ခုခံအား ပိုမို ခိုင်မာသော လန်ချန်း-မဲခေါင်ဒေသ ထူထောင်လာရန် အားလုံး သဘောတူကြသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှ ရရှိသောသဘောတူညီချက်များကိုလည်းကောင်း၊ ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွင် ရေနှင့် ပတ်သက်သော အချက်များကိုလည်းကောင်း အခိုင်အမာ အကောင်အထည်ဖော်ပြီး ရေကြောင်းစီမံခြင်းအတွေးအခေါ်ကို အသစ်ဖန်တီးခြင်း၊ မူဝါဒချင်း ထိန်းညှိမှု ပိုမိုကောင်းမွန်လာစေခြင်း၊ ရေအရင်းအမြစ်ကို ဆက်တိုက်အသုံးပြုနိုင်ခြင်း၊ ရေကြောင်းအခြေအနေအချက်အလက်များ၊ ဘေးအန္တရာယ်ကာကွယ်ခြင်း၊ သောက်သုံးရေလုံခြုံရေး၊ တမံလုံခြုံရေး၊ လုပ်ငန်းစွမ်းဆောင်မှုမြှင့်တင်ခြင်း၊ ဝန်ထမ်းအတွက် သင်တန်းဖွင့်ပေးခြင်းနှင့် မြစ်ဝှမ်းတစ်လျှောက်လုံးကို စီမံအုပ်ချုပ်ခြင်း စသောနယ်ပယ်တွင် တိုးချဲ့ပူးပေါင်းဆောင်ရွက်ပြီး လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေး တစ်ဆင့် ပိုမိုတိုးတက်လာအောင် တွန်းအားပေးရန် ၆ နိုင်ငံမှ ကိုယ်စားလှယ်များ ဖော်ပြကြသည်။