ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏အခြေအနေနှင့်ပတ်သက်သော သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က မြန်မာအရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ ပါတီဂိုဏ်းများအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေ မူဘောင်အတွင်းတွင် တိုင်ပင်ဆွေးနွေးခြင်းဖြင့် သဘောကွဲလွဲမှုများကို ကောင်းမွန်အောင် ကိုင်တွယ်ဖြေရှင်းရန် ထောက်ခံပြီး မြန်မာနိုင်ငံ၏အခြေအနေကို ပုံမှန်ပြန်ဖြစ်လာစေရန် ဒေသတွင်းနိုင်ငံများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို တစ်လျှောက်လုံးထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။