မကာအို အမိနိုင်ငံရင်ခွင်သို့ပြန်လည်ဝင်ရောက်ခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့- “တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး ” ကျင့်သုံးမှုသည် ကမ္ဘာကျော် အောင်မြင်မှုများ ရရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

CGTN, December 19, 2024
Size:

 ယခုလ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ပုံမှန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ မကာအို အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး မကာအို အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက် ကတည်းက ရရှိခဲ့သော နိုင်ငံခြားနှင့် ကူးလူးဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို ဘယ်လို အကဲဖြတ်သနည်းဟု China Media Group  CCTV သတင်းထောက်က မေးမြန်းခဲ့ရာလင်ကျန့်က မကာအို အမိနိုင်ငံရင်ခွင်သို့ပြန်လည်ဝင်ရောက်ခြင်း ၂၅ နှစ်အကြာတွင် မကာအို ထူးခြားချက်ရှိသော " တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး " ကျင့်သုံးမှုတွင် ကမ္ဘာကျော် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကာအိုအခြေခံဥပဒေမှ စနစ်များကို ခိုင်မာစွာ ချမှတ်ထားပြီး စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကာ ပြည်သူများ၏ စားဝတ်နေရေး ဆက်တိုက် တိုးတက်လာ၍ ရပ်ရွာအေးချမ်းတည်ငြိမ်ပါကြောင်း ဖြေကြားခဲ့ပါသည်။