ဒီဇင်ဘာလ ၉ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်သည် ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။ တရုတ်ပြည်ဘက်က အဓိက နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းများမှ တာဝန်ခံများနှင့် "၁+၁၀" ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် အဓိက နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းများမှ တာဝန်ခံများနှင့် "၁+၁၀" ဆွေးနွေးပွဲကို ကျင်းပပြီး "ဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီမှုများကို စုစည်းပြီး နိုင်ငံတကာ ဘုံစည်ပင်သာယာရေးကို မြှင့်တင်ခြင်း" ဆောင်ပုဒ်ဖြင့် နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံသည် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံစုံဝါဒကို ပြတ်ပြတ်သားသား ထိန်းသိမ်း ကာကွယ်သူ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှု အခြေခံ လော့ဂျစ် ပြောင်းလဲခြင်း မရှိသလို နိုင်ငံတကာနှင့် အကျိုးတူ ဖြစ်ထွန်းရေး ရည်မှန်းချက်မူများလည်း ပြောင်းလဲခြင်း မရှိကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကမ္ဘာ့စီးပွားရေးအတွက် တည်ငြိမ်ဘွယ်ရာများကို ဆက်လက် ထည့်သွင်းပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။