ဒီဇင်ဘာလ ၁၂ရက်နေ့ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံဆိုင်ရာ နယ်သာလန်၊ မော်လိုကို၊ ကမ္ဘောဒီးယား၊ ထိုင်း စသောနိုင်ငံ ၂၈နိုင်ငံမှ သံအမတ်ကြီးများ၏ခန့်အပ်လွှာများကို လက်ခံခဲ့ပါသည်။
ခန့်အပ်လွှာများ လက်ခံပွဲ အခမ်းအနား အပြီးတွင် ရှီကျင့်ဖိန်က သံတမန်အရာရှိများသည် တရုတ်နိုင်ငံဒေသအရပ်ရပ်သို့ များများ ခရီးလှည့်လည်ကြည့်ရှုရန်၊ တရုတ်ပြည်သူများ၏အသံများကို များများ နားဆင်ရန်၊ တရုတ်နိုင်ငံ၏ အတိတ်က အရေး၊ လက်ရှိအရေး၊ အနာဂတ်အရေးတို့ကို ဘက်စုံ သိရှိနားလည်ရန်၊ တရုတ်နိုင်ငံ၏ ယနေ့ခေတ်အကြာင်း၊ ဖွံ့ဖြိုးရေးလမ်းကြောင်း နှင့် ရှေ့သို့ ချီတက်ရန်ဦးတည်ချက်တို့ကို ပကတိအတိုင်း ဖော်ပြနိုင်ရန်၊ တရုတ်နှင့်ကမ္ဘာကြီး အကြား ကူးလူးဖလှယ်ရေးပေါင်းကူးတံတားခင်းကျင်းပေးသူ၊ ပူးပေါင်းဆောင်ရွက်ရေး တွန်းအားပေးသူ နှင့် ချစ်ကြည်ရေးဆက်ခံသူ အဖြစ် ဆောင်ရွက်ကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။