ဒီဇင်ဘာလ ၁၂ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် "၂၀၂၄ခုနှစ် Imperial Springs နိုင်ငံတကာဖိုရမ်" သို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။
ရှီကျင့်ဖိန်က Imperial Springs နိုင်ငံတကာဖိုရမ် စတင်တည်ထောင်ခဲ့သည့် ၁၀ နှစ် အတွင်းတွင် ဘက်ပေါင်းစုံဝါဒကို စွဲကိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး ကိစ္စရပ်များကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးကာ တရုတ်အဆိုပြုချက်များကို မျှဝေ၍ တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့အကြား ကူးလူးဖလှယ်မှုနှင့် အပြန်အလှန်နားလည်မှု တိုးမြှင့်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် နိုင်ငံအသီးသီးနှင့် လက်တွဲပြီး ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေး ထိန်းသိမ်းရန်၊ ကမ္ဘာလုံးဆိုင်ရာ ဆိုက်တိုက် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်နှင့် လူသားများယဉ်ကျေးမှုဆိုင်ရာ တိုးတက်မှုအသစ်များကို မြှင့်တင်ရန် အတွက် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ဖော်ပြပါသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့က "၂၀၂၄ခုနှစ် Imperial Springs နိုင်ငံတကာဖိုရမ်" ကို " လက်တွဲဆောင်ရွက်ပြီး အနာဂတ်ကို အတူဖန်တီးခြင်း" ဆောင်ပုဒ်ဖြင့် စပိန်နိုင်ငံ Madridမြို့ တွင် ဖွင့်လှစ်ခဲ့ပါသည်။