ဒီဇင်ဘာလ ၁၀ရက်နေ့က တရုတ်နိုင်ငံ၌ “၁+၁၀” ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော အဓိက နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းများမှ တာဝန်ခံများနှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အရည်အချင်းမြင့် တံခါးဖွင့်ရေးကို တွန်းအားပေးရန် တရုတ်နိုင်ငံ၏ သန္နိဋ္ဌာန်သည် ပြောင်းလဲမည်မဟုတ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။
နိုင်ငံတကာ နိုင်ငံရေးနှင့်စီးပွားရေး ကျွမ်းကျင်ပညာရှင်များက “၁+၁၀” ဆွေးနွေးပွဲကို ကျင်းပခြင်းသည် အခါအခွင့်နှင့်လျော်ညီကြောင်း၊ လက်ရှိကမ္ဘာ့ စီးပွားရေးအခြေအနေသည် အခက်အခဲနှင့်စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး တရုတ်နိုင်ငံသည် အဓိက နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းများနှင့် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ပြီး ဘက်ပေါင်းစုံဝါဒကို စွဲကိုင်၍ လွတ်လပ်သောကုန်သွယ်ရေးနှင့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ကြပါသည်။