လီချန်သည် အဓိက နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းများမှ တာဝန်ခံများနှင့် "၁+၁၀" ဆွေးနွေးပွဲကို ကျင်းပ

CGTN, December 12, 2024
Size:

   ဒီဇင်ဘာလ ၉ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဘေကျင်းမြို့၌ ဖွံ့ဖြိုးတိုးတက်မှုသစ်ဘဏ် ဥက္ကဋ္ဌ Rousseff ၊ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Ajay Banga၊ ကမ္ဘာ့ ငွေကြေး ရန်ပုံငွေအဖွဲ့ ဒါရိုက်တာချုပ် Georgieva၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဒါရိုက်တာချုပ် Iweala၊ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေး ညီလာခံ အတွင်းရေးမှူးချုပ် Grynspan၊ နိုင်ငံတကာ လုပ်သားများအဖွဲ့ ဒါရိုက်တာချုပ် Houngbo၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ အတွင်းရေးမှူးချုပ် ကော်လ်မန်၊ နိုင်ငံတကာ Settlements ဘဏ် မန်နေဂျာချုပ် Carstens၊ ငွေရေးကြေးရေး တည်ငြိမ်ရေး ကောင်စီ ဥက္ကဋ္ဌ Knot၊ အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ် ဥက္ကဋ္ဌ ကျင်လိချွင်တို့နှင့် "၁+၁၀" ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။

   ဆွေးနွေးပွဲတွင် လီချန်က တရုတ်နိုင်ငံ စီးပွားရေးသည် တည်ငြိမ်စွာ တိုးတက်ရန် လည်ပတ်မှုစည်းစနစ်၊ ဆက်လက် ဖွံ့ဖြိုး တိုးတက်ရန် အလားအလာနှင့် နိုင်ငံတကာနှင့် အကျိုးတူ ဖွံ့ဖြိုးရန် အပြုသဘော ဆောင်သောအချက်များ ပါရှိကြောင်း၊ မိမိတို့သည် ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ပြီး သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ကာ အရည်အချင်းမြင့် တံခါးဖွင့်ရေးကို ဦးလည်မသုန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဘက်အသီးသီးတို့ နှင့်အတူ ကမ္ဘာ့စီးပွားရေး ပုံမှန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲ တွန်းအားပေးလို ပါကြောင်း ပြောကြားခဲ့ပါသည်။

  နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းများမှ တာဝန်ခံများသည် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် ရရှိခဲ့သော ကြီးမားသည့် အောင်မြင်မှုများကို ချီးကျူးကြပြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ နိုင်ငံစုံဝါဒနှင့် ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကို လက်တွဲ ထိန်းသိမ်းကာကွယ်လိုကြောင်း ဖော်ပြခဲ့ကြပါသည်။