ရှီကျင့်ဖိန်သည် အဓိက နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းများမှ တာဝန်ခံများနှင့် တွေ့ဆုံ

CGTN, December 11, 2024
Size:

  ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ "၁+၁၀"  ဆွေးနွေးပွဲသို့ တက်ရောက်လာသော အဓိက နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းများမှ တာဝန်ခံများနှင့် တွေ့ဆုံခဲ့ပါသည်။

   ရှီကျင့်ဖိန်က လူသားများသည် အေးအတူပူအမျှ ဖြစ်သည့် ကံကြမ္မာတူ အသိုက်အဝန်း ဖြစ်ကြောင်း၊ နိုင်ငံ အသီးသီးတို့သည် လှေငယ် အစင်း ၁၉၀ ကျော်တွင် စီးနေခြင်း မဟုတ်ဘဲ အေးအတူပူအမျှ ဖြစ်သည့် ကံကြမ္မာတူ လှေကြီးတစ်စင်းတွင် အတူ စီးနေခြင်း ဖြစ်ကြောင်း၊ တစ်ဖက်သား၏ ဖွံ့ဖြိုးတိုးတက်မှုကို စိန်ခေါ်မှု မဟုတ်ဘဲ အခွင့်အလမ်းအဖြစ် သဘောထားပြီး တစ်ဖက်သားအား ပြိုင်ဘက် မဟုတ်ဘဲ မိတ်ဘက် အဖြစ် သဘောထားသင့်ကာ တစ်ကမ္ဘာလုံး အေးအတူပူအမျှ ဖြစ်ခြင်း၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပြန်အလှန် အကျိုးရှိစေခြင်းတို့ကို ခေတ်၏ အဓိကအသံ ဖြစ်စေသင့်ကြောင်း၊ တရုတ်နိုင်ငံသည် အဓိက နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းများနှင့်အတူ ဘက်ပေါင်းစုံဝါဒကို ဖော်ဆောင်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ တောင်ဘက်ခြမ်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံပြီး တန်းတူရည်တူဖြစ်ပြီး စနစ်တကျ ဖြစ်သော ကမ္ဘာ့ multipolarization နှင့် အားလုံးပါဝင်သော စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို မြှင့်တင်၍ အတူဖွံ့ဖြိုးတိုးတက်သော တရားမျှတသည့် ကမ္ဘာကြီးကို တည်ဆောက်လိုပါကြောင်း ပြောကြားခဲ့ပါသည်။

   ဖွံ့ဖြိုးတိုးတက်မှုသစ်ဘဏ် ဥက္ကဋ္ဌ Rousseff ၊ ကမ္ဘာ့ ငွေကြေး ရန်ပုံငွေအဖွဲ့ ဒါရိုက်တာချုပ် Georgieva၊ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Ajay Bangaနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဒါရိုက်တာချုပ် Iweala တို့သည် အဓိက နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းများမှ တာဝန်ခံများကိုယ်စား အမှာစကားပြောကြားခဲ့ကြပါသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုရလဒ်များကို ချီးကျူးကြပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာအပေါ် အကောင်းဖက်မှ မြင်လိုကြောင်း ဖော်ပြ၍ တရုတ်နိုင်ငံက ကြာရှည်သည့်ကာလအတွင်း နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းများ၏ လုပ်ငန်းများကို အားပေးထောက်ခံခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိခဲ့ကြပါသည်။