ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယား ပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟုန်စင်နှင့် တွေ့ဆုံဆွေးနွေး

CGTN, December 11, 2024
Size:

   ဒီဇင်ဘာလ ၃ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့၌ ကမ္ဘောဒီးယား ပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟုန်စင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ကမ္ဘောဒီးယားအကြား သံမဏိလို ခိုင်မာ စစ်မှန်သော ချစ်ကြည်ရေးသည် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့် လုံးဝ ကိုက်ညီ ပါကြောင်း၊ နှစ်နိုင်ငံစလုံးသည် ကမ္ဘာ၏ ငြိမ်းချမ်းရေးအင်အား၊ ဖွံ့ဖြိုးရေးအင်အားနှင့် တိုးတက်ရေးအင်အား အဖြစ် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာဒီယားနှင့် လက်တွဲပြီး အရည်အသွေးမြင့်မားသော၊ အရည်အချင်း မြင့်မားသော၊ စံချိန်စံနှုန်း မြင့်မားသော ခေတ်သစ်တွင် နှစ်နိုင်ငံ ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်လိုပါကြောင်း ပြောကြားခဲ့ပါသည်။

  ဟုန်စင်က ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိရေးမူကို ဆက်လက် ကျင့်သုံးမည် ဖြစ်ပြီး တရုတ်နိုင်ငံက အမြူတေ အကျိုးစီးပွားများ ထိန်းသိမ်းကာကွယ်ခြင်းကို ထောက်ခံပါကြောင်း၊ တရုတ်နိုင်ငံနှင့် ပါတီချင်း ဆက်ဆံမှုကို ဘက်စုံ တွန်းအားပေးပြီး နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်ကာ နယ်ပယ်အသီးသီးမှ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး၍ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြုလိုပါကြောင်း ပြောကြားခဲ့ပါသည်။