ဆဌမအကြိမ်မြောက် ဟိုင်နန်ကျွန်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် “အာဆီယံကဏ္ဍ” ရုပ်ရှင်ပြပွဲ လှုပ်ရှားမှုကို စတင်ကျင်းပ

CGTN, December 10, 2024
Size:

ဒီဇင်ဘာလ ၇ရက်နေ့က ဆဌမအကြိမ်မြောက် ဟိုင်နန်ကျွန်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် “အာဆီယံကဏ္ဍ” ရုပ်ရှင်ပြပွဲ လှုပ်ရှားမှုကို China Media Groupမှ စန်းယာ့ အခြေစိုက်စခန်း၌ စတင်ကျင်းပခဲ့ပါသည်။ လှုပ်ရှားမှုကို ကျင်းပရာအတောအတွင်း အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စသောအာဆီယံနိုင်ငံများမှ ရုပ်ရှင်ကား ၁၁ကားကို ပြသမည် ဖြစ်ပြီး ပရိသတ်များအတွက် အရှေ့တောင်အာရှနိုင်ငံများ၏ တမူထူးသော အနှစ်သာရကို ဖော်ပြမည်ဖြစ်ပါသည်။

ထိုနေ့တွင်ပင် “တရုတ်-အာဆီယံ ရုပ်ရှင်နှင့်တီဗီဆိုင်ရာ ကူးလူးဖလှယ်ရေးနှင့် ဖြန့်ဖြူးရေး” ဖိုရမ်ကို တစ်ချိန်တည်း ကျင်းပခဲ့ပါသည်။ တရုတ်၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား နှင့် ကမ္ဘောဒီးယား စသောနိုင်ငံများမှ အစိုးရအရာရှိများ၊ ယဉ်ကျေးမှုပညာရှင်များ နှင့် ရုပ်ရှင်လောကကိုယ်စားလှယ်များသည် ရုပ်ရှင်နှင့်တီဗီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအတွေ့အကြုံများကို မျှဝေကြပြီး တရုတ်နှင့်အာဆီယံနိုင်ငံများအကြား ရုပ်ရှင်နှင့်တီဗီဆိုင်ရာ ကူးလူးဖလှယ်ရေးနှင့် ဖြန့်ဖြူးရေးအတွက် အကျိုးပြုစွမ်းဆောင် ကြမည်ဖြစ်ပါသည်။