တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က လွန်ခဲ့သည့် တစ်နှစ်အတွင်း Belt and Road ကို အရည်အသွေးမြင့်မားစွာ လက်တွဲ တည်ဆောက်မှုတွင် ထိရောက်ပြီး လက်တွေ့ကျသော အောင်မြင်မှုရလဒ်များကို ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေနှင့် ဘက်အသီးသီးနှင့်အတူ အတူတိုင်ပင်၊ အတူ တည်ဆောက်၊ အတူ မျှဝေခြင်း အယူအဆကို ဆက်လက် စွဲကိုင်ပြီး Belt and Road ကို ကမ္ဘာကြီးအား အကျိုး ခံစားစေနိုင်သော "ချမ်းသာရေး လမ်းကြောင်း"နှင့် နိုင်ငံအသီးသီး ဘုံခေတ်မီရေး ဖော်ဆောင်နိုင်သော "အိပ်မက်စက်ရုံ" ဖြစ်အောင် တည်ဆောက်လိုကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့ပါသည်။