လာအိုပြည်သူ့တပ်မတော်ကို ကူညီရန် ၊ ၁၂ ကြိမ်မြောက် တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ ဗီယင်ကျန်းမြို့သို့ ရောက်ရှိ

CGTN, December 9, 2024
Size:

ဒေသစံတော်ချိန် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ၁၂ကြိမ်မြောက် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့သည်၊ လာအိုပြည်သူ့တပ်မတော်အား ကူညီရန် ဗီယင်ကျန်းမြို့သို့  ရောက်ရှိခဲ့သည်။

ယခုတစ်ကြိမ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဆေးဘက် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် လာအိုနိုင်ငံတွင် ခြောက်လကြာ ဆေးဘက် ဆိုင်ရာ အကူ အညီ ပေးရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအကူအညီပေးရေး လုပ်ငန်း များတွင် ရောဂါရှာဖွေရေးနှင့် လက်တွေ့ကုသရေးလမ်းညွှန်မှု၊ ဆေးဘက်ဆိုင်ရာ သူနာပြုလမ်းညွှန်မှုနှင့် ဆေးဘက်ဆိုင်ရာ လေ့ကျင့်ရေး ဟောပြောပွဲ လှုပ်ရှားမှုများ ပါဝင်သည်။ ၎င်းသည် လာအိုစစ်တပ်ဆေးဘက်ဆိုင်ရာစနစ်တွင် တက်ကြွမှုအသစ်များကို ထည့်သွင်းပေးပြီး တရုတ်နှင့်လာအိုနိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးတွင် အနှစ်သာရ အသစ်များကိုလည်း ဖော်ဆောင်ရာ ရောက်ကြောင်း သတင်းအရ သိရှိရသည်။