နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့နှင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တို့အား အတည်ပြုသည့်မြို့ပြအနေနှင့် တရုတ်နိုင်ငံ ချုံချင့်မြို့၊ ချိန်တူးမြို့၊ ဝူလုမုချီမြို့၊ ယွီရှီးမြို့၊ ဖူအော်မြို့နှင့် စစ်ဆောင်ပန္နားတိုင်(ရှမ်း)တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲနှင့် လာအိုနိုင်ငံ နန်တားပြည်နယ်၊ လွမ်ပရာဘန်းမြို့စသည့် ပထမအသုတ် မြို့ပြ ၁၀ ခုတို့နှင့်အတူ တရုတ်-လာအိုရထားလမ်းမြို့ပြမဟာမိတ်အဖွဲ့ကို တည်ထောင်ကာ သဘောတူညီချက်စာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါမဟာမိတ်အဖွဲ့သည် လမ်းကြောင်းတစ်လျှောက်ရှိ မြို့ကြီးများအကြား အခြေခံအဆောက်အဦးများ၊ ကုန်သွယ်မှုထောက်ပံ့ပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ယဉ်ကျေးမှုခရီးသွားလုပ်ငန်းစသည့် နယ်ပယ်များတွင် အပြန်အလှန်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန်၊ အပြန်အလှန်ချိတ်ဆက်သော မြို့ပြများ၏ အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်ရန် ရည်ရွယ်ထားသည်။