နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကုန်စည်အမျိုးမျိုးအဖုံဖုံ အပြည့်သယ်ဆောင်ထားသော တရုတ်-လာအို-ထိုင်း ရထားလမ်း “ကူမင်းကုန်းတွင်းနယ်စပ်ဂိတ်”ပေါင်းစုံလမ်းကြောင်း ပို့ဆောင်ရေးရထားသည် ပထမဆုံးအကြိမ် ပြေးဆွဲခဲ့သည်။
ထိုနေ့တွင် “ကူမင်းကုန်းတွင်းနယ်စပ်ဂိတ်”ကုန်စည်ရထားသည် ယူနန်ပြည်နယ် အန်နင်းမြို့မှ ထုတ်လုပ်သော ဓာတုဓာတ်မြေဩဇာ၊ ထုပ်ပိုးပစ္စည်းများနှင့် အခြားသော စက်မှုထုတ်ကုန်များ ကား ၃၅ စီးစာ အပြည့်တင်ဆောင်ကာ တရုတ်နိုင်ငံ ကူမင်းမြို့မှ ထွက်ခွာ၍ တရုတ်-လာအို-ထိုင်း ရထားမှတစ်ဆင့် လာအိုနိုင်ငံ လွမ်ပရာဘန်းမြို့နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့များသို့ ပို့ဆောင်ခဲ့သည်။ နောက်ဆုံးတွင် ရနောင်းမြို့သို့ ကားလမ်းဖြင့် ပို့ဆောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံ ရနောင်းမြို့မှ သစ်သီးဝလံများ တင်ဆောင်လာသော ကုန်တင်ရထားတစ်စီးသည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ကိုဖြတ်ကျော်၍ တရုတ်နိုင်ငံ အန်းနင်းမြို့သို့ နိုဝင်ဘာ ၂၀ ရက်က ရောက်ရှိလာခဲ့သည်။
ယင်းအချက်က တရုတ်နိုင်ငံ ကူမင်းအပြည်ပြည်ဆိုင်ရာကုန်းတွင်းနယ်စပ်ဂိတ်သည် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် အခြားသောနိုင်ငံများကို တရုတ်-လာအို-ထိုင်း ရထားလမ်း၊ အဝေးပြေးလမ်းနှင့် ရေနက်ဆိပ်ကမ်း သယ်ယူပို့ဆောင်ရေးမှတဆင့် ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း ညွှန်းဆိုပြလျက်ရှိသည်။