၂၀၂၄ လန်ချန်း-မဲခေါင် ခရီးသွားလုပ်ငန်းမြို့‌တော်များ ပူးတွဲရေးအသင်း၏ဖလှယ်ပွဲကို ချုံချင့်မြို့တွင် ကျင်းပ

lmcchina.org, December 6, 2024
Size:

နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ၂၀၂၄ လန်ချန်း-မဲခေါင် ခရီးသွားလုပ်ငန်းမြို့‌တော်များ ပူးတွဲရေးအသင်း၏ဖလှယ်ပွဲကို ချုံချင့်မြို့တွင် ကျင်းပသည်။ လန်ချန်းဒေသ ၆ နိုင်ငံမှ အဖွဲ့ဝင်မြို့၏ ကိုယ်စားလှယ်များ၊ အဓိကလုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းအသင်းမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် ပညာရှင်များ စုစုပေါင်း လူ ၂၀၀ ကျော်သည် ဖလှယ်ပွဲသို့ တက်ရောက်ပြီး လန်ချန်း-မဲခေါင် ခရီးသွားလုပ်ငန်း ပူး‌ပေါင်းဆောင်ရွက်မှု၏ အခွင့်အရေးသစ်၊ အနာဂတ်သစ်ကို ဆွေးနွေးပြီး လန်ချန်း-မဲခေါင် ခရီးသွားလုပ်ငန်း တစ်ဆက်တည်း တိုးလာအောင် ဆွေးနွေးကြသည်။

ဖလှယ်ပွဲကို ကြီးမှူးကျင်းပသောဌာနသည် “လန်ချန်း-မဲခေါင် မီဒီယာလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခြင်း”ဟူသောအဆိုပြုချက်ကို ထုတ်ပြန်ခဲ့သည်။ ၎င်းအဆိုပြုချက်အရ လန်ချန်း-မဲခေါင် ၆ နိုင်ငံသည် မီဒီယာလုပ်ငန်းကို စုပေါင်း၍ လန်ချန်း-မဲခေါင်ဒေသ၏ ခရီးသွားလုပ်ငန်း ပိုမို အသိများလာစေရန်နှင့် ပိုမိုများပြားသော ခရီးသည်များကို ဆွဲဆောင်နိုင်ရန် အကျိုးပြုကာ လန်ချန်း-မဲခေါင်ဒေသ စီးပွားရေးတိုးတက်အောင် တွန်းအားပေးမည် ဖြစ်သည်။

၎င်းလှုပ်ရှားမှုတွင် လန်ချန်း-မဲခေါင် ခရီးသွားလုပ်ငန်း ကြော်ညာခြင်းလုပ်ငန်းကိုလည်း စတင်ဖွင့်လှစ်ခဲ့ပြီး ချုံချင့်မြို့သည် အဖွဲ့ဝင်မြို့များကို ဖိတ်ခေါ်ပြီး ခရီးသည်အများဆုံး လာရောက်သောဒေသများသို့ သွား၍ ကြော်ညာလုပ်ပြီး ၎င်းလုပ်ငန်းထဲတွင် ခရီးသွားလုပ်ငန်းမိတ်ဆက်ခြင်း၊ ပြသခြင်း၊ ဆွေးနွေးခြင်း စသည့်လှုပ်ရှားမှု ပြုလုပ်ကာ ဒေသတွင်းနှင့် ဒေသပြင်ပက ခရီးသည် သွားလာလည်ပတ်နိုင်အောင် တွန်းအားပေးသည်။