အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် လာအိုနိုင်ငံမှ တင်သွင်းလာသော ငှက်ပျောသီးများ အပြည့် သယ်ဆောင်ထားသည့် ပထမဆုံး တရုတ်-လာအိုရထားလမ်း“ပေကျင်း-ယူနန် လန်မဲလိုင်း”အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးရထားသည် ယူနန်ပြည်နယ် ကူမင်းမြို့ ဝမ်ကျန်းရင်းအနောက်ဘက်ဘူတာရုံမှ ထွက်ခွာခဲ့သည်။ တရုတ်-လာအိုရထားလမ်း အပြည်ပြည်ဆိုင်ရာအအေးဓာတ်ပေးကုန်စည်ရထားနှင့် “ပေကျင်း-ယူနန် လန်မဲလိုင်း”အပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေးရထားသည် တရားဝင်ဖွင့်လှစ်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
“ပေကျင်း-ယူနန် လန်မဲလိုင်း”အပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေးရထားသည် လာအိုနိုင်ငံ ဗီယင်ကျန်းတောင်ဘက်ဘူတာရုံမှ ထွက်ခွာပြီး အောက်တိုဘာ ၁၄ ရက်တွင် ကူမင်းမြို့တွင် ဆိုက်ရောက်၍ မြောက်ပိုင်းဒေသများသို့ ဆက်လက် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးတွင် ပေကျင်းမြို့ ဖိန်ဂူဇုန် မာဖန်ဘူတာရုံကို ဆိုက်ရောက်မည်ဖြစ်သည်။ စုစုပေါင်းခရီးစဥ်မှာ ၄၀၀၀ ကီလိုမီတာရှိပါသည်။
“ပေကျင်း-ယူနန် လန်မဲလိုင်း”အပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေးရထား ပြေးဆွဲလာသည်နှင့်အမျှ ပေကျင်း၊ ထျန်ကျင်းနှင့် ဟယ်ပေဒေသ၏ စက်မှုအီလက်ထရွန်းနစ်လုပ်ငန်းနှင့် ခေတ်မီစိုက်ပျိုးရေးစသည့် အားသာချက်ရှိသော လုပ်ငန်းများသည် အဆိုပါရထားမှတစ်ဆင့် လာအို၊ ထိုင်းနှင့် စင်္ကာပူစသည့်“Belt and Road”အတူတည်ဆောက်ရေးနိုင်ငံများနှင့် ဒေသများသို့ သွားရောက်မည်ဖြစ်သည်။