ယခုရက်ပိုင်းတွင် ၇ ကြိမ်မြောက်“Belt and Road ရောင်စုံယူနန်”မော်တော်ကား Rally ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သော မော်တော်ကားများသည် ကူမင်းမြို့မှ ထွက်ခွာခဲ့သည်။
ယခုအကြိမ် Rally ပြိုင်ပွဲသည် “အိပ်မက်များ ရှာဖွေရန် မိုင်ထောင်နှင့်ချီ၍ ခရီးသွား၊ ပိုးလမ်းမချစ်ကြည်ရင်းနှီးမှုဖြင့် နှလုံးသားများ ချိတ်ဆက်” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသည်။ မော်တော်ယဉ် ၄၅ စီးနှင့် လူပေါင်း ၁၃၀ လိုက်ပါသည့် ယာဉ်တန်းသည် လာအို၊ ထိုင်း၊ မလေးရှားစသည့် နိုင်ငံ ၃ နိုင်ငံကို ဖြတ်သန်းကာ နောက်ဆုံးတွင် စစ်ဆောင်ပန္နားပြည်နယ်ခွဲသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ခရီးတစ်လျှောက်လုံးသည် ၈၀၀၀ ကီလိုမီတာခန့် ရှည်လျားပြီး ခရီးစဥ်တစ်ခုလုံးမှာ ၁၉ ရက် ကြာမြင့်မည်။
“Belt and Road ရောင်စုံယူနန်”မော်တော်ကား Rally ပြိုင်ပွဲသည် ယူနန်ပြည်နယ် အားကစားလှုပ်ရှားမှုနယ်ပယ်တွင် အဓိကကျသော နိုင်ငံတကာဖလှယ်ရေး အမှတ်တံဆိပ်ပွဲတစ်ပွဲဖြစ်ပြီး ၎င်းပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့သည်မှာ ၆ ကြိမ် ရှိပြီဖြစ်သည်။