နိုဝင်ဘာလ ၂၁ ရက်နေ့က တရုတ်-ကုလသမဂ္ဂ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးရန်ပုံငွေ ညွှန်ကြားရေးကော်မရှင်သည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရုံးတွင် နဝမအကြိမ် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Fu cong၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ဥက္ကဋ္ဌ Rattray တို့သည် တရုတ် အစိုးရနှင့် ကုလသမဂ္ဂကို အသီးသီးကိုယ်စားပြုပြီး ရန်ပုံငွေလှူဒါန်းမှုသက်တမ်းတိုးရေး သဘောတူစာချုပ်ကို ချုပ်ဆိုကာ တရုတ်အစိုးရသည် ၂၀၂၅ ခုနှစ် ရန်ပုံငွေသက်တမ်းကုန်ဆုံး ပြီးနောက် ၂၀၃၀ ခုနှစ်အထိ ဆက်လက်လှူဒါန်းပေးမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပါ သည်။